ကြက်ဥ၊ ဘဲဥ အနှစ်ကို စားတာ ကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ များသူတွေ မှာ ဆေးလိပ်သောက် သလိုမျိုး ရောဂါအ ခြေအနေ ဆိုးရွားနိုင်ကြောင်း သိပ္ပံပညာ ရှင် တွေက ဖော်ထုတ် လိုက်ပါတယ်။ နှလုံး သွေးကြော မာကျောတဲ့ရောဂါ(Atherosclerosis) ဆိုတာဟာ သွေးကြော အတွင်းနံရံမှာ ကို လက်စ ထရောကြောင့် သွေးခဲဖတ်တွေ စုစည်းနေတဲ့ ပြဿနာ ပါ။ အဲဒီသွေးခဲဖတ်တွေ ပြုတ်ထွက်သွား ရင် နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ် တာတွေ ဖြစ်တတ်ပါတယ်။
ကြက်ဥ အနှစ်ကို စားတာကြောင့် သွေးခဲ ဖတ်တွေ ကို တည်ဆောက်နိုင်တာဟာ ဆေးလိပ် သောက်သလို ဆိုးကျိုးရဲ့ သုံးပုံ နှစ်ပုံခန့် ရရှိနိုင်တယ်လို့ သိပ္ပံပညာ ရှင်တွေက အသက် ၆၀ ကျော်အရွယ် လူပေါင်း ခဲ့ပါတယ်။ သုတေသနပြုလုပ်ချက်အရ သွေး ကြောမကြီးမှာ သွေးခဲဖတ်ဖြစ်တာဟာ အသက် ၄၀ အရွယ်နောက်ပိုင်းမှာ ပိုမို များပြားလာပြီး ပုံမှန်ဆေးလိပ်သောက် တာနဲ့ ကြက်ဥအနှစ်စားသူတွေမှာ သာ မန်လူတွေထက်ပိုပြီးတော့ သွေးခဲဖတ် ဖြစ်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ကြက်ဥနှစ် သုံး ကြိမ်စားသူတွေဟာ တစ်ပတ်ကို နှစ် ကြိမ်စားသူတွေထက် သွေးခဲဖတ်တွေ စထရော မြင့်မားတဲ့အစာတွေကို စား တာကြောင့် နှလုံးသွေးကြောရောဂါဖြစ် နိုင်ခြေ များပါတယ်။
ကြက်ဥ အနှစ်မှာ ကိုလက်စထရော အလွန့်အလွန်များပါ တယ်။ ဒါ့အပြင် ကြက်ဥအနှစ်ဟာ သွေး ကြောထဲမှာ သွေးခဲဖတ်တွေကို စုစည်း မှု ပိုမိုမြန်ဆန်စေ ပါတယ်။ လေ့လာမှုပြုလုပ်ရာမှာ လိင်အမျိုး အစား၊ ကိုလက်စထရောအဆင့်၊ သွေး ဖိအားအတိုင်းအတာ၊ ဆေးလိပ်သောက် တာ၊ ခန္ဓာကိုယ် အရပ်အမြင့်၊ အလေး ချိန်အချိုးအစား (BMI) နဲ့ ဆီးချိုရောဂါ တွေကို ထည့်သွင်းပြီး စဉ်းစားခဲ့တာ ကြောင့် နှလုံးသွေးကြောရော ဂါ ဖြစ်နိုင် ခြေများ သူတွေအနေနဲ့ ကြက်ဥအနှစ် ပုံမှန်စားသုံးမှုကို ရှောင်ရှားသင့်ကြောင်း လေ့လာသူတွေက အကြံပေးထားပါတယ်။
6:44 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com