22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ

၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည
( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်း
မြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်း
ရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း
အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်
ပြုပြောကြားသည်။



သေဆုံးသူမှာ အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း
ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ဖြင့်   မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေရ ကြောင်းသိရသည်။

တရားခံဖြစ်သူ ငတိ (ခ)ကျော်မင်းဦးအား သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၃)နာရီထိုးခါနီးတွင် ၎င်း၏အိမ်မှ ဖမ်းမိကြောင်းသိရပြီး အမှုကြီးအမှတ်စဉ် ( ၂/၂၀၁၂ ) ပုဒ်မ ( ၃၀၂ )ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပြီး အမှုစစ်မှာစခန်းမှူး ရဲအုပ်သိန်းဦးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံမှာ နေအိမ်အတွင်းသို့ကြိုတင်ရောက်ရှိနေပြီး ဦးတင်အောင်မြင့်နှင့် ဇနီးဖြစ်သူတို့
အိပ်ခန်းအတွင်းမှ အထွက်တွင် လှေခါးအကွယ်တွင် ပုန်းနေရာမှထွက်လာပြီးဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရဲသုံးသပ်ချက်မှတ်တမ်းအရသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ သေဆုံးသူ ဦးတင်မောင်မြင့်၏အကိုဖြစ်သူဒေါက်တာဌေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာ သေဆုံးသူ ဦးတင်မောင်မြင့်၏သမီးဖြစ်သူမှ ၎င်းအား ဖုန်းဆက် အကြောင်းကြားခဲ့၍ သိရှိခဲ့ကြောင်းပြောပြခဲ့သည်။

 '' ကျွန်တော့်ဆီဖုန်းဆက်တော့ ည(၁၁)နာရီရှိနေပြီ ၊ သူတို့က အောက်ထပ်မှာအိပ်တယ် ၊ ကလေးတွေက အပေါ်ထပ်မှာ ၊ သူ့သမီးက ကျွန်တော့်ကို ဖုန်းဆက်ပြီးအောက်မှာ အဖေကြီးကို လုပ်နေလို့ဆိုပြီး ဖုန်းဆက်ခေါ်တာနဲ့ချက်ခြင်းလိုက်လာတာ ဒီရောက်တော့ ဓါးဒဏ်ရာနဲ့ လဲနေ တာတွေ့လို့ ဆေးရုံတန်းခေါ်သွားတယ် ၊ ဟိုရောက်တော့ ဆုံးသွားတယ် '' ဟု ဒေါက်တာဋ္ဌေးမြင့်က ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေါက်တာဌေးမြင့်မှ ဖြစ်စဉ်အားအတိအကျမသိသေးကြောင်း ၊ ဒေါ်ဌေးဌေးဝင်းမှာလည်း စကားမပြောနိုင်သေး၍ငွေကြေးနှင့် ပစ္စည်းများဆုံးရှုံးမှု ရှိမရှိကို မသိရ သေးကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရားခံဖြစ်သူ ငတိ(ခ)ကျော်မင်းဦးသည် တမ္မပ၀တီအရပ် ၊ ငွေဇင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ဘုရားရောင်တော်ဖွင့်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကာသေဆုံးသူ ဦးတင်မောင်မြင့်၏ ကြေးသွန်း ပစ္စည်း
များကို ၎င်းအိမ်တွင်ယူ၍အရောင်တင်သော အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဦးတင်မောင်မြင့်၏ တပည့်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


မှုခင်းဖြစ်ပွားသည့်အချိန်က မန္တလေးမြို့တွင် မိုးအနည်းငယ်ရွာသွန်းနေချိန်ဖြစ်ကြောင်းသိရပြီး ပတ်ဝန်းကျင်မှ အိမ်များသိရှိချိန်
နောက်ကျခဲ့ကြောင်းကိုလည်း ခတ္တန်းရပ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောကြားသည်။


`` မနေ့ညက မိုးရွာနေတော့ အကုန်လုံး စောစောအိပ်ကြတာ ၊ အမှန်ဆိုအခင်းဖြစ်တဲ့အိမ်နဲ့ မျက်စောင်းထိုးမှာ ဆေးခန်းရှိတယ်။ အဲဒီဆေးခန်းကိုကည(၁၂)လောက်မှ ပိတ်တာ ၊ နောက်
 ဒီအရပ်က အလုပ်က ည တစ်နာရီ လောက်ဆိုပြန်ထပြီးလုပ်ကြတယ် ၊

 လူသွားလူလာတော့ မပြတ်ဘူး ၊ ဖြစ်ပြီးလို့ သူတို့ ထွက်အော်မှပဲသိလိုက်ရတာ ´´ ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

 မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )