22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

''ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”

ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁
အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀
ရှိသော ကြက်ခြံ တွင်ရှိ သောမြန်မာအလုပ်
သမား တစ်ဦး အား လောနိုင်ငံသား.နိုင်လတ်
( ၃၀ နှစ် ) က အဓမ္မပြုကျင့်သ တ်ဖြတ်ခဲ့ကြောင်း


 ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

 ၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ ထိုင်သောက် ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။

ကိုနိုင်လတ်မှာ အခန်းတွင်မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်း ကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ် က လက်မခံသဖြင့်  တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

 သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကိုညစ်၍ ကြက်ခြံ အနီးတွင်

ရှိသော ကန်စွန်းရွက် စိုက်ထား သောရေမြောင်းတွင်နှစ်သတ်ခဲ့သည်။

 မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ် ကို မတွေ့
သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော
အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို
အကြောင်းကြားခဲ့သည်။

မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက် စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ် လုပ်နေသည့်နေရာတွင် မရှိပဲ  အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။

ရဲများကမသင်္ကာ၍ခေါ်ကြည့်သောအခါကိုနိုင်လတ်၏လည်ပင်းနှင့်ရင်ဘတ်တွင်လက်သဲကုတ်ရာများစွာ
ကိုတွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာ စစ်ဆေးမှုပြု လုပ်ခဲ့ သည်။

ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု ထိုင်းလတ် သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။

ရွှေလုပ်သား ဘလော့
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )