22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

အိန္ဒိယမှ နာမည်ကြီး ဟိုတယ် လုပ်ငန်းစု တစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ


 

အိန္ဒိယနိုင်ငံမှ နာမည်ကြီး ဟိုတယ် လုပ်ငန်းစု တစ်ခုဖြစ်သော Oberoi Hotel & Resort က မြန်မာနိုင်ငံတွင် ဟို တယ် လုပ်ငန်းများ လုပ်ကိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရပြီး လာရောက်ဖွင့်လှစ် ဖြစ်ပါက မြန်မာနိုင်ငံတွင် အိန္ဒိယမှ ဟိုတယ်တစ်ခု ပထမဆုံးအကြိမ် လာရောက် ဖွင့်လှစ် ခြင်းဖြစ် မည်ဟု ၁၅-၈-၂၀၁၂ ရက်က သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံ မှု ဟိုတယ်များ၌ စင်ကာပူ နိုင်ငံက ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဗြိတိန်၊ ဂျပန်၊ ဟောင်ကောင် အစရှိသော နိုင်ငံများက လည်း ရင်းနှီးမြှုပ်နှံမှုများရှိနေကြောင်း အိန္ဒိယနိုင်ငံမှ ဟိုတယ်များအနေဖြင့် ၄င်းတို့၏စတိုင်များဖြင့်သာ မြန်မာ့ ဟိုတယ်လုပ်ငန်းဈေးကွက်ကို ထိုးဖောက် သင့်သည်ဟု သိရသည်။ " Oberoi လာမယ်ဆိုရင်တော့ ဒါက ပထမဆုံး အကြိမ် အိန္ဒိယရဲ့ ဟိုတယ်ရင်း နှီးမြှုပ်နှံ မှုဖြစ်နိုင်တယ်"ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးခင် မောင်ရင်က ပြောကြားသည်။လတ်တ မှုပြဿနာ အနည်းငယ် ရှိနေသေးပြီး ဟို တယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနအနေဖြင့် အရေးတယူရှိမှုနှင့် သတိပေးမှုများ ပြုလုပ်ထားရသည်ဟု သိရသည်။
" အိန္ဒိယမှာ နာမည်ကြီး ဟိုတယ်တွေဆိုလို့ အန်ကယ်ရောက်ဖူးတာတော့ Ashokaတို့၊ ဘာတို့ဆိုရင် အတော် ကြီးတာ။ အခန်းပေါင်းး ၈၀ဝ၊ ၉၀ဝ လောကအထိရှိတယ်။ အိန္ဒိယမှာ နာမည်ကြီး ဟိုတယ် ကြီးတွေရှိပါတယ်"ဟု ဦးခင်မောင်ရင်က ဆက်လက်ပြောကြားသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ သတင်းများအရ အိန္ဒိယဘက်မှ ဟိုတယ် လုပ်ငန်းစုများ မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြသည်ဟု သိထားသော်လည်း ဆွေးနွေးနေခြင်း မရှိသေးကြောင်း သိရကာ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသည် အဝင်အထွက်များလာမည့် အနေအထားနှင့် ၄င်းတို့၏ နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ပါက အိန္ဒိယနိုင်ငံသားပိုင် ဟိုတယ်၌သာ တည်းခိုစေလိုသော အယူအဆများကြောင့် ဖြစ်နိုင်သည်ဟု သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )