22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

ဗြိတိန် အကြီးဆုံး အာမခံ လုပ်ငန်းစုက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိ

 

ဗြိတိန်နိုင်ငံ၏ အကြီးဆုံး အာမခံ လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းစု တစ်ခု ဖြစ်သော Prudential ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများပြု လုပ်သွား လိုကြောင်း နိုင်ငံတကာ ၁၅-၈-၂၀၁၂ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားလိုက် သည်။ Prudential အနေဖြင့် အရှေ့ တောင်အာရှ၏ စီးပွားရေး ဖွံ့ဖြိုးမှုအလား လာကို မျက်စိကျနေပြီး ကမ္ဘောဒီးယား၌လည်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းတို့အနေဖြင့် အာဆီယံ ၏ နောက် ဆုံးသော ဈေးကွက်သစ်တစ်ခုဖြစ် လာသည့် မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ ဈေးကွက်လိုအပ်ချက်အတိုင်း ရင်းနှီး မြှုပ်နှံ မှု ပြုလုပ်သွား မည်ဟုလည်း သိရ သည်။
"ကျွန်တော်တို့က ဈေးကွက်သစ် အဖြစ် ထပ်မံချဲ့ထွင်ချင်ပါတယ်။ ဥပမာ အားဖြင့် ကမ္ဘောဒီးယား နိုင်ငံ ပေါ့။ မြန်မာနိုင်ငံကိုတော့ ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းရရှိစေရေး အတွက် ကျွန်တော်တို့ရဲ့ ရေဒါထဲမှာ (လုပ်ငန်း စက်ကွင်း) ထည့်ထားလိုက်ပါပီ"ဟု ကုမ္ပဏီ၏ အမှု ဆောင်အရာရှိချုပ် TidJane Thiam ကပြောကြားသည်။ ၄င်းတို့အနေဖြင့် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား အစရှိသော အာရှဒေသနိုင်ငံများရှိ စီး ပွားရေးဈေးကွက် ၁၃ ကွက် အပေါ်မှ ၂၀၁၂ ခုနှစ်ပထမခြောက်လအတွင်း မှာ ပင် အမြတ်ငွေ ၂၀ ရာခိုင်နှုန်းတက်လာ သည်ဟုသိရသည်။ လုပ်ငန်း သက်တမ်းနှစ်ပေါင်း ၁၆၀ ကျော်ခဲ့ပြီ ဖြစ်သော အဆိုပါ အာမခံ လုပ်ငန်းစု အနေဖြင့် မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုဝင်ရောက်ရေးတွင် မြန်မာ့ အာ မခံလုပ်ငန်း က ပြည်ပ လုပ်ငန်းစု များကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးမထားသေး သည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုခွင့် ပြုပေးမည့်ကာလကို စောင့်ဆိုင်းရမည့် အ နေအထား တွင်ရှိနေကာ မြန်မာ့အာမခံ လုပ်ငန်းမှ သတင်းအချို့အရ ပြည်ပရင်း နှီးမြှုပ်နှံမှုနှင့် ပြည်တွင်းလုပ်ငန်းရှင် ပူး ပေါင်းလုပ်ဆောင်ပါက ခွင့်ပြုပေးသွားရန် ရှိနေသည်ဟု သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )