အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးက မိမိသည် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာသွားစရာ အကြောင်းမျိုး လုံးဝမရှိဟု ယတိပြတ် ပြောကြားသွားခဲ့သည်။ ရွန်နီသည် လတ်တလောတွင် ပေါင်သား၌ စုတ်ပြတ် ဒဏ်ရာ ရရှိထားသဖြင့် (၂)လမျှ အနား ယူရမည့် အခြေအနေနှင့် ကြုံနေရသည်။ ၎င်းသည် ယခု သီတင်းပတ် အတွင်း နေအိမ်တွင် အနားယူနေသော ဓာတ်ပုံကို Twitterတွင် လွှင့်တင်ကာ ဒဏ်ရာ အခြေအနေမှာ စိတ်ကျေနပ်လောက်ဖွယ် ကောင်းမွန် အဆင်ပြေနေကြောင်း ပရိသတ်များအား အသိပေးခဲ့သည်။
ဖူလ်ဟမ်နှင့် ပွဲတွင် ဒဏ်ရာ ရသွားသည့် ရွန်နီ
ရွန်နီသည် အဲဗာတန်နှင့် ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သဖြင့် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ၎င်းအား ဖူလ်ဟမ်နှင့် ပွဲတွင် အရန် ကစားသမား အဖြစ် အသုံးပြုခဲ့သည်။ ထိုအခြေအနေ အပေါ် ရွန်နီက စိတ်ပျက်နေပြီး မန်ယူကို ကျောခိုင်းမည်ဟု သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ရွန်နီက "အဲဒီလို အဓိပ္ပါယ် မရှိတဲ့ သတင်းတွေကို ဖတ်ပြီး လူတွေက ချဲ့ကားပြောနေတာ ကျွန်တော် ကြားမိပါတယ်။ တကယ့် အမှိုက် သရိုက်တွေပဲ။ ကျွန်တော် မန်ယူမှာပဲ သေချာပေါက် ဆက်နေမယ်" ဟု Twitter တွင် ပြတ်ပြတ်သားသား ကြေညာခဲ့သည်။
အဲဒီလို အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကို ဖတ်ပြီး လူတွေက ချဲ့ကားပြောနေတာ ကျွန်တော် ကြားမိပါတယ်။ တကယ့် အမှိုက်သရိုက်တွေပါ...
ရွန်နီသည် ယခု သီတင်း ပတ်ကုန်တွင် မန်ယူအသင်း ဆောက်သမ်တန်နှင့် ကစားမည့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်ပြီး အင်္ဂလန်၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင်လည်း ပါဝင်နိုင်မည် မဟုတ်ဟု သိရှိရသည်။
Ref: Daily Mail
11:31 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com