( NED) မှ ၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်မည့်
ဒီမိုကရေစီဆုအား မြန်မာနိုင်ငံမှ ရှစ်ဆယ်ရှစ်
မျိုးဆက် ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင်
ဦးခွန်ထွန်းဦးနှင့် နောက်ထပ် အထင်ကရ ဒီမိုကရေစီ အရေး လူပ်ရှားသူ ၃ ဦးတို့ကို ချီးမြှင့်သွားမည်ဟု သတင်း ရရှိသည်။
(၂၀၀၈ ခုနှစ်က NED က ချီးမြှင့်သော Democracy Award)
ဖြစ်ကြသည်။
အဆိုပါ ဆုကို မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး လူပ်ရှားမူကို ဂုဏ်ပြုသည့် အနေဖြင့် ပေးအပ်ခြင်း ဖြစ်ပြီး ဆုပေးပွဲကို စက်တင်္ဘာလ ၂၀ နေ့တွင် အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန် ဒီစီတွင် ပြုလုပ်သွားမည်
ဟု NED ၀က်ဆိုက်စ်တွင် ဖေါ်ပြသည်။
ကိုမင်းကိုနိုင် ကိုယ်တိုင် အဆိုပါ ဆုကို တက်ရောက် လက်ခံယူမည်ဟု သိရသည်။
ဆုပေးပွဲ အခမ်းအနားသို့ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
တက်ရောက်မည် ဖြစ်ပြီး သဘာပတိ အဖြစ် ဆောင်ရွက်ကာ မိန့်ခွန်းစကားလည်း
ပြောကြားမည် ဟု သတင်း ရရှိသည်။
NED ကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစိုးရ မဟုတ်သော ပုဂ္ဂလိက အဖွဲ့ တစ်ခု ဖြစ်ပြီး နိုင်ငံတာ ဒီမိုကရေစီ အခြေခံ အုတ်မြစ်များ ခိုင်ခန့်ရေးကို အားပေး ထောက်ကူနေသော အဖွဲ့ဖြစ်သည်။
ယခုအခါ နိုင်ငံပေါင်း ၉၀ တွင် ဒီမိုကရေစီ ထွန်းကား တည်တံ့ရေး အတွက် အကူအညီများ
ပေးနေသော အဖွဲ့ ဖြစ်သည်။
နိရဉ္စရာ
11:31 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com