22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

ချန်ပီယံဘွဲ့ လက်လွှတ် ခဲ့ရခြင်းမှ သင်ခန်းစာ ယူရန် လိုအပ်ကြောင်း ဗီဒစ်သုံးသပ်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် နီမန်ဂျာ ဗီဒစ်က မိမိတို့သည် ယမန်နှစ် ဘောလုံး ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို လက်လွှတ် ခဲ့ရခြင်းမှ သင်ခန်းစာ ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အသက်(၃၀)အရွယ် ဆာဘီးယား ဗဟိုခံစစ်မှူးသည် ဒီဇင်ဘာလ ကတည်းက ဒဏ်ရာကြောင့် အနား ယူနေခဲ့ရပြီး ယခုအခါ မန်ယူအသင်း၏ ရာသီကြို ခြေစမ်းပွဲများတွင် ပြန်လည် ကစားပေးလျှက် ရှိသည်။ ဗီဒစ် မပါဝင်နိုင်ချိန်တွင် မန်ယူ အသင်းသည် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးထံသို့ ရမှတ်တူ၊ ဂိုးကွာခြားချက် အသာဖြင့် အမှတ်ပေး ချန်ပီယံ ဆုဖလားကြီးအား လက်လွှဲ ပေးအပ်ခဲ့ရသည်။ ဗီဒစ်က ပြီးခဲ့သည့် ရာသီ ဖြတ်သန်းမှုများကို ပြန်လည် စီစစ် သင်ခန်းစာ ယူကာ ပိုမို ကောင်းမွန်သော အနာဂတ် အတွက် ချီတက်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ခြေစမ်းပွဲများတွင် ပြန်လည် ပါဝင်လာသည့် ဗီဒစ်

"နောက်ဆုံး မိနစ်ပိုင်းလေးမှာ အရှုံး ဖြစ်သွားတာကို လက်ခံဖို့ တော်တော် ခက်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာက အဲဒီ အကြောင်းတွေ ပြန်တွေးနေစရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ အတိတ်က အောင်မြင်ခဲ့ဖူးတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း မေ့ပစ်ခဲ့ပြီးပြီ။ မန်ယူဟာ ရှေ့ဆက်ရမှာတွေ အများကြီး ရှိပါသေးတယ်" ဟု ဗီဒစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက "ခုဆိုရင် မန်ယူက ကစားသမားသစ် နှစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပါပြီ။ ကွင်းလယ်မှာ အများကြီး တိုးတက်လာတယ်။ နစ်ခ်ပါဝဲလ်နဲ့ ရှင်ဂျီကာဂါဝါတို့ဟာ အသင်းမှာ ကောင်းကောင်း ကစားနိုင်တဲ့ သူတွေပါ။ ကျွန်တော်တို့ဟာ မနှစ်က ဘောလုံး ရာသီကြောင့် အတွေ့အကြုံပိုင်း တိုးတက်လာတယ်။ လူငယ် ကစားသမားတွေက ပွဲတွေ အများကြီး ကစားခဲ့ရသလို အများကြီး သင်ယူနိုင်ခဲ့ပါတယ်" ဟု ဆက်လက် ပြောဆိုသွားသည်။

ဗီဒစ်က "မကြာသေးမီ နှစ်တွေက မန်ယူဟာ ဥရောပမှာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဗိုလ်လုပွဲ (၃)ခါနဲ့ အကြိုဗိုလ်လုပွဲ (၁)ခါ တက်ခဲ့တယ်။ အဲဒီ အချက်က ပြီးခဲ့တဲ့ ရာသီမှာ ပေါ့ဆသွားစေတယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံခဲ့ရတာပါ။ မန်ယူဟာ ဒါမျိုး နောက်တစ်ခါ ထပ်မဖြစ်အောင် ကြိုးစားရပါမယ်" ဟုလည်း ဆိုသည်။ ဗီဒစ်သည် ယနေ့ညတွင် မန်ယူအသင်း ဘာစီလိုနာနှင့် ကစားမည့် ခြေစမ်းပွဲတွင်လည်း ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။
ကျွန်တော်တို့ဟာ မနှစ်က ဘောလုံး ရာသီကြောင့် အတွေ့အကြုံပိုင်း တိုးတက်လာတယ်။ လူငယ် ကစားသမားတွေက ပွဲတွေ အများကြီး ကစားခဲ့ရသလို အများကြီး သင်ယူနိုင်ခဲ့ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )