22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

ဆူဇူကီး ဖလားတွင် ခြေစစ်ပွဲ အောင်ရုံမျှမက ဗိုလ်စွဲသည် အထိ အားထုတ်ရန် ဦးဇော်ဇော် တိုက်တွန်း

လက်ရွေးစင် ကစားသမား များအား ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သြဂုတ်လ ၇ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံ အမှာစကား ပြောကြားခဲ့ကာ ဆူဇူကီး ဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ရုံမျှ မကဘဲ အနိုင်ရ ဗိုလ်စွဲသည် အထိ ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

"အနိုင်ရ ဗိုလ်စွဲတဲ့အထိ ကြိုးစားရမယ်။ အလကားတော့ ရမှာမဟုတ်ဘူး။ အားလုံး မဆုတ်မနစ် ကြိုးစားမှပဲရမှာ။ ဘောလုံး ဆိုတာက အရမ်းကောင်းတဲ့ အသင်းလည်း ရှုံးတတ်တာပါ။ တကယ်သာ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ ခြေစစ်ပွဲမှာ ပေါ့ရင်လည်း ခံရမှာပဲ။ လာအို၊ ကမ္ဘောဒီးယားလည်း ကြောက်ရတာပဲ။ အရှေ့တီမော ဆိုရင်လည်း ပေါ်တူဂီ ကစားသမားတွေ ထည့်ကစားဖို့ ဆွေးနွေးနေပြီ။ ဒါပေမဲ့ ပြတ်ပြတ်သားသား ထိုက်ထိုက်တန်တန်နဲ့ ခြေစစ်ပွဲ အောင်ဖို့ ကြိုးစားပြရမယ်" ဟု ဦးဇော်ဇော်က တိုက်တွန်း ပြောကြားခဲ့သည်။
လက်ရွေးစင် ကစားသမားများနှင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တွေ့ဆုံစဉ်

နည်းပြချုပ် ပတ်ဆောင်ဟွာ ဦးဆောင် ကိုင်တွယ်လျှက် ရှိသည့် မြန်မာ့ လက်ရွေးစင် အသင်းသည် သြဂုတ်လ ၇ရက်နေ့ ညနေပိုင်းက သုဝဏ္ဏလူငယ် အားကစား လေ့ကျင့်ရေးကွင်း (၁)တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် MNL All-Star အသင်းနှင့် ရံပုံငွေပွဲ တစ်ပွဲ စတင် ကစားမည် ဖြစ်ကာ လာမည့် စက်တင်ဘာ ၁၁ရက်နေ့တွင် စင်ကာပူနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။ ထို့နောက်တွင် ဂျပန်နိုင်ငံသို့ ပူးတွဲ လေ့ကျင့်ရေးနှင့် ခြေစမ်းပွဲများ ကစားရန် ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )