22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 29, 2012

ဦးခေါင်းတစ်ခုစာ အသားပိုပါလာသော ကလေးငယ်တစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျှက်ရှိ

မွေးရာပါ ဦးနှောက်ကျွံရောဂါဖြင့်
ဦးခေါင်းတစ်ခုစာ အသားပိုပါလာ
သော ကလေးငယ်တစ်ဦး ရန်ကုန်
ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံ
ကြောခွဲစိတ်ဌာနတွင် တက်ရောက်
ကုသနေကြောင်း သိရသည်။


အသက် ၁ လနှင့်ရက် ၂၀ ရှိ အဆိုပါကလေးငယ်သည်တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အုန်းပင်ကျေးရွာ
သံတိုင်ခင်ကျေးရွာတွင် အရပ်လက်သည်ဖြင့် မွေးဖွားခဲ့ပြီးမွေးရာပါ ဦးခေါင်းထက်တွင် အသားပိုလုံးကြီး ပါဝင်လာခဲ့သည်။

ကလေးငယ်သည် မိခင်ဒေါ်ခင်မနှင့် ဖခင် ဦးဝင်းလှိုင်တို့၏ ငါးယောက်မြောက် မွေးချင်းဖြစ်ပြီး ထိုကဲ့သို့ အသားပိုပါမွေးဖွားလာခြင်းကို မိဘများကရှက်၍ ဖုံးကွယ်ထားရာ တောင်ငူဒေသခံ သတင်းသမားတစ်ဦးမှ သတင်းရရှိပြီး ခွဲစိတ်ကုသရန်အတွက် ကူညီမှုများပြုလုပ်ပေးခဲ့သည်။

ခွဲစိတ်ကုသရန်အတွက် တောင်ငူဆေးရုံကြီးသို့ သွားရောက်ပြသရာ ဆေးရုံအုပ်မှ ဦးနှောက်ကျွံရောဂါဟု
ကောက်ချက်ချခဲ့ပြီးနေပြည်တော်သို့သွားရောက်ရန် လမ်းညွှန်မှုပြုခဲ့သည်။

လူနာရှင်နှင့် ကူညီသူများသည် ရန်ကုန်တွင် တက်ရောက်ကုသရန်ဆုံးဖြတ်ခဲ့ပြီးနောက် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံသို့ သွားရောက်ခဲ့ရာ ရန်ကင်းကလေးဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနသို့လွှဲပြောင်းခဲ့ကြောင်း ကူညီပေးနေသောတောင်ငူဒေသခံသတင်း
ထောက်ကပြောသည်။

လက်ရှိတွင် တောင်ငူ မှ စေတနာရှင်တစ်ဦးနှင့် တောင်ငူမြို့ ၂၄ နာရီလူမှုကူညီမှုအသင်းတို့မှ
အလှူငွေ ၃ သိန်း၎သောင်းကျပ်လှူဒါန်းထားပြီးလူနာခွဲစိတ်ရမည် ဆိုပါကခွဲစိတ်ရန်ကုန်ကျစရိတ်လိုအပ်


လျှက်ရှိနေသေးကြောင်းသိရသည်။

ကလေးမိခင် ဒေါ်ခင်မ က ““ ကလေးကပုံမှန်ကလေးတွေလိုပဲနို့စို့တယ် ၊ အိပ်တယ် ၊ဆီးဝမ်းမှန်တယ်။ မွေးကာစကဒီအသားပိုက မျက်စိတစ်ဖက်နဲ့ နားရွက်ကိုဖုံးနေတာ၊နောက်မှ ဦးခေါင်းပေါ်မှာ ထောင်ပြီးဆက်ကြီးသွားတာ”” ဟု ပြောသည်။

ကလေး၏အသားပိုမှာ လုံးပတ် ၉လက်မ အမြင့် ၆ လက်မခန့်ရှိသည်ဟု ခန့်မှန်းရပြီး ရန်ကုန်ပြည်သူ့
ဆေးရုံ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာနတွင် သြဂုတ်လ၂၈ ရက်မှ စတင်တက်ရောက်
ကုသလျှက်ရှိသည်။

PopularNews
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )