22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့သည့် ဆွာရက်ဇ်

အသင်းနှင့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ကျေနပ် ပျော်ရွှင်နေမိကြောင်း လီဗာပူးလ် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် အိုလံပစ် ပြိုင်ပွဲမှ ပြန်လာပြီး မဲလ်ဝုဒ် လေ့ကျင့်ရေးကွင်းသို့ ပထမဆုံး ရောက်ရှိသည့် နေ့တွင်ပင် လီဗာပူးလ်နှင့် (၄)နှစ် သက်တမ်းတိုး စာချုပ်အား လက်မှတ် ရေးထိုးခဲ့သည်။ ၎င်းသည် အန်းဖီးလ်သို့ (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလက ရောက်ရှိခဲ့သူ ဖြစ်သည်။ ယခုအခါ အေဂျက်စ် အမ်စတာဒမ် ကြယ်ပွင့်ဟောင်းသည် လီဗာပူးလ်တွင် လုပ်ခ အများဆုံး စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်လာပြီဟု ယုံကြည်ရသည်။ ဆွာရက်ဇ်အား ဂျူဗင်းတပ်စ်နှင့် PSG အသင်းများက စိတ်ဝင်စားခဲ့သေးသော်လည်း ၎င်းသည် အင်္ဂလန် ကလပ်တွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသင်းနှင့် စာချုပ်သစ် ချုပ်လိုက်သည့် ဗီဒစ်

ဆွာရက်ဇ်က "လီဗာပူးလ်ဟာ နှစ်တိုင်းလိုလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့် ကြိုးစားနေတဲ့ အသင်းပါ။ မြင့်နိုင်သမျှ အမြင့်ဆုံး အဆင့်မှာ ရပ်တည်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ စာချုပ်သစ်က ကျွန်တော့်အတွက် မယုံနိုင်လောက်စရာ ကောင်းမွန်နေပါတယ်။ ကျွန်တော် လီဗာပူးလ်မှာ ကာလ အကြာကြီး ဆက်ကစားချင်ပါတယ်။ ကမ္ဘာပေါ်မှာ လူတိုင်းလိုလို လီဗာပူးလ်ကို သိကြပါတယ်။ လီဗာပူးလ်ဟာ ခမ်းနားတဲ့ အသင်း တစ်ခုဆိုတာ သေချာပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော် မန်နေဂျာနဲ့လည်း ကစားပြောပြီးပါပြီ။ သူကလည်း သိပ်ကို ထူးချွန်တဲ့သူ တစ်ယောက်ပါ" ဟု ပြောကြားခဲ့သည်။

စာချုပ်သစ်က ကျွန်တော့်အတွက် မယုံနိုင်လောက်စရာ ကောင်းမွန်နေပါတယ်။ ကျွန်တော် လီဗာပူးလ်မှာ ကာလ အကြာကြီး ဆက်ကစားချင်ပါတယ်...
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက "အသင်းကို ရောက်ကာစ အခြေအနေမှာ ဆွာရက်ဇ်ကို ဆက်ထိန်းထားဖို့ လုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာက ကျွန်တော့်အတွက် ကြီးကျယ်တဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ကစားခွင့် မရထားပါဘူး။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့တော့ ရည်ရွယ်ချက်ထား ကြိုးစားသွားမှာ ဖြစ်ပါတယ်"ဟု ပြောဆိုသွားသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )