22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

ကာဇိုလာကို ခေါ်ယူပြီးနောက် တောင်ကိုရီးယား ကွင်းလယ်လူ ကီကို ချိတ်ဆက်လာသည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် ဆန်တီ ကာဇိုလာအား အပြီးသတ် ခေါ်ယူပြီးနောက် တောင်ကိုရီးယား ကွင်းလယ် ကစားသမား ကီဆောင်ယွန်းဘက် ပစ်မှတ်ပြောင်းလာကြောင်း သိရှိရသည်။

အာဆင်နယ်သည် စပိန်တောင်ပံလူ ကာဇိုလာကို မာလာဂါ အသင်းထံမှ ပေါင်စတာလင် (၁၆.၅)သန်းဖြင့် ခေါ်ယူမှုများ ယခုအခါ အပြီးသတ် အောင်မြင်သွားပြီ ဖြစ်သည်။ ထို့နောက် အာဆင်နယ်သည် စကော့တလန်ကလပ် ဆဲလ်တစ်တွင် ကစားနေသည့် ကီကို စိတ်ဝင်တစား လေ့လာလျှက် ရှိသည်။ အာဆင်နယ်သည် ယမန်နှစ် ဘောလုံးရာသီ စကော့တလန် ပရီးမီးယားလိဂ်သို့ ကင်းထောက်များ စေလွှတ်ခဲ့ပြီး ကတည်းက အသက်(၂၃)နှစ်ရှိ တောင်ကိုရီးယား လက်ရွေးစင်၏ ဘောလုံးပါရမီကို နားလည် သဘော ပေါက်ထားပြီး ဖြစ်သည်။
အာဆင်နယ်မှ စိတ်ဝင်စားနေသည့် ကိုရီးယား ဂျရတ်

အာဆင်နယ်၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် တောင်ကိုရီးယား၏ စတီဗင်ဂျရတ်အဖြစ် တင်စားညွှန်းဆိုခြင်း ခံရသူ ကီအား အိုလံပစ် ပြိုင်ပွဲ တစ်လျှောက်တွင်လည်း လေ့လာနေခဲ့သည်။ ကီသည် တောင်ကိုရီးယားအား အကြို ဗိုလ်လုပွဲ အဆင့်ထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးပြီးမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံး ဘရာဇီးလ်အား (၃-၀)ဖြင့် အရှုံး ပေးခဲ့ရသည်။ အာဆင်နယ်၏ ကင်းထောက်ချုပ် စတိဗ်ရိုလီသည် ကီနှင့် ပတ်သက်၍ မြင့်မြင့်မားမား မျှော်လင့်နိုင်ကြောင်း ထောက်ခံထားပြီး အာဆင်နယ် ကွင်းလယ်၏ အရှိန်ကို မြှင့်တင် ပေးနိုင်မည့် ကစားသမားဟု မှတ်ချက်ပြုခဲ့သည်။

ကီ၏ လက်ရှိ ပေါက်ဈေးသည် ပေါင်စတာလင် (၉)သန်း ဝန်းကျင် ရှိပြီး ၎င်းကို QPR အသင်း မန်နေဂျာ မာ့ခ်ဟုဂ်ျကလည်း နှစ်သက်နေသည်။ အာဆင်နယ်သည် နွေရာသီ ဈေးကွက်တွင် ကာဇိုလာ အပြင် လူးကက်စ် ပိုဒေါ့စကီးနှင့် အိုလီဗီရာ ဂီရော့ဒ်တို့ကိုလည်း ခေါ်ယူပြီး ဖြစ်သည်။
အာဆင်နယ်၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် တောင်ကိုရီးယား၏ စတီဗင်ဂျရတ်အဖြစ် တင်စားညွှန်းဆိုခြင်း ခံရသူ ကီအား အိုလံပစ် ပြိုင်ပွဲ တစ်လျှောက်တွင်လည်း လေ့လာနေခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )