22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 26, 2012

သင့်ကလေး သွားပိုးစားခြင်း ကင်းအောင်


 

ကလေးတွေမှာ သွားပိုးစား တာက သွားကို စနစ်မှန် မတိုက်တာကြောင့်နဲ့ အချို များတဲ့ အစားအသောက်တွေကို စားတာကြောင့် အဖြစ်များပါတယ်။ စား ကြွင်းစားကျန်တွေက သွားကြားထဲ ကပ် ငြိတာကြောင့်လည်း သွားပိုးစားတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကလေး တွေဟာ နို့ဘူးစို့ပြီး အိပ်တာကြောင့်၊ မိခင် တွေက ကလေးတွေကို သွားသန့်စင်ပေး ရကောင်းမှန်း မသိတာကြောင့် သွားပိုး စားတာ အဖြစ်များတတ်ပါတယ်။
-သွားပိုးစားတာ မဖြစ်အောင် ကြိုတင် ကာကွယ်တာက သွားပိုးစားပြီးမှ ကုသ တာထက် ပိုကောင်းပါတယ်။ သွားကို ဖလို ရိုက် (Fluoride) ပါတဲ့ သွားတိုက်ဆေး နဲ့ တိုက်ရမယ်။ သွားကို တစ်နေ့ နှစ်ကြိမ် မှန်မှန်တိုက်ပေးရပါမယ်။ သွားတိုက်တဲ့ အခါမှာလည်း အနည်းဆုံး အချိန် သုံးမိ နစ်ကြာတဲ့အထိ တိုက်ပေးရပါမယ်။ သွား တိုက်တဲ့အခါမှာလည်း စနစ်မှန်သွားတိုက် နည်းကို သုံးသင့်ပါတယ်။
-သင့်ကလေး အစာစားပြီးတဲ့အခါတိုင်း ပလုတ်ကျင်းတဲ့ အလေ့အထကို စွဲမြဲ အောင် လုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် သွားကြားပွတ်ကြိုးကိုသုံးပြီး သွားအကြို အကြားက စားကြွင်းစားကျန်တွေကို သန့် စင်အောင် ဖယ်ထုတ်ပေးသင့်ပါတယ်။
-သွားကို ခြောက်လတစ်ကြိမ် သွား ဆရာဝန်နဲ့ပြပြီး သန့်စင်တာတွေ လုပ်ပေး သင့်ပါတယ်။ ကလေးတွေမှာ သွားပိုးစား တာကို လူကြီးမိဘတွေက သိပ်ပြီး ဂရု မစိုက်တတ်ကြပါဘူး။ သွားပိုးစားပြီး သွား နာလာတဲ့အချိန်ကျမှ သွားဆရာဝန်ဆီ ပြသရမှန်း သိကြပါတယ်။ အဲဒီအချိန် ရောက်တဲ့အခါမှာ သွားကထိခိုက်နေတဲ့ အဆင့်ကို ရောက်နေတတ်ပါတယ်။ အဲဒီ အဆင့်မှာ သွားကို ပြန်ကောင်းအောင် ကုသရတာလည်း ခက်ခဲတတ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )