22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 19, 2012

ဆီး မထိန်းနိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန်


 

အမျိုးသမီး သုံးယောက်မှာ တစ် ယောက်နှုန်းဟာ ဆီးမထိန်းနိုင် တဲ့ပြဿနာ ကို ရင်ဆိုင်နေကြ ရပါတယ်။ ကနေဒါမှ သုတေသီတွေရဲ့ လေ့လာမှု အသစ်အရ ဆီးအိမ်ပြဿ နာကို လျစ်လျူရှုတာကြာ ရှည်လေလေ စိတ်မှာ ဒဏ်ရာရမှ များလေ လေ စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ခြေ သိသိသာသာများနိုင်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ သင်ရဲ့ဘဝနေထိုင်မှုပုံစံကို အောက်ပါအတိုင်း ပြောင်းလဲလိုက်တာနဲ့ ဆီးမထိန်းနိုင်တဲ့ပြဿနာ ရပ်တန့်သွား နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။
၁။ ကိုယ်အလေးချိန် အနည်းငယ် လျှော့ချပါ
သင်ဟာ အဝလွန်သူဖြစ်ရင် ကိုယ် အလေးချိန် ၁၇ ပေါင်လောက် လျှော့ချ နိုင်တာနဲ့ ဆီးအိမ်ကို ထိန်းချုပ်တြဲွ့ကက် သားတွေပေါ်မှာ ဖိအားသက်ရောက်မှု လျော့နည်းသွားပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာ ထက်ဝက်ခန့် လျော့ကျသွားနိုင် တယ်လို့ အမျိုးသားကျန်းမာရေး တက္ကသိုလ် မှ လေ့လာမှုအရ သိရပါတယ်။
၂။ ဘိုတော့စ် ထိုးပါ
ဘိုတော့စ်နဲ့ ကော်လာဂျင်တွေဟာ မျက်နှာမှ အရေးကြောင်းတွေအတွက် သာ အသုံးဝင်တာမဟုတ်ပါဘူး။ ဆီးအိမ် ရဲ့ြွကက်သားတွေ လျော့တွဲတဲ့ အခါမှာ ခြောက်လမှ ကိုးလခြားတစ်ကြိမ် ဘိုတော့စ် ဆေးထိုးတာကြောင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာ ၆၇ ရာခိုင်နှုန်း သက်သာနိုင်ပါ တယ်။ ဒါ့အပြင် ဆီးအိမ်ထိပ်ဝမြွှကက် သားတွေ လျော့တွဲတာကြောင့် ဆီးမထိန်း နိုင်တာဖြစ်ခဲ့ရင် ကော်လာဂျင်ဆေးထိုး တာကြောင့် ပြဿနာကို အမြန်ဆုံးဖြေ ရှင်းနိုင်ပါတယ်။ ဆေးတစ်ကြိမ်သာ ထိုး ဖို့လိုအပ်ပါတယ်။
၃။ ဆီးထွက်ကျအောင် လှုံ့ဆော်နိုင်သည့် အရာများကို ရှောင်ပါ
ခရမ်းချဉ်သီး၊ နာနတ်သီး၊ ကဖင်း (ကော်ဖီ၊ လက်ဖက်ရည်၊ ဆော်ဒါ၊ ချော ကလက်)၊ အချဉ်အရသာရှိတဲ့ သစ်သီး၊ သ ကြား၊ အယ်လကိုဟော၊ ငရုတ်ကောင်းနဲ့ အပူအစပ်စာတွေကို သုံးရက်လောက် ရှောင်ရှားဖို့ အကြံပေးထားပြီး တစ်နေ့ကို အဲဒီအစာတွေထဲက အစာတစ်မျိုးစီကို စမ်းသပ်ပြီး စားကြည့်ပါလို့ သုတေသီ တွေက အကြံပေးထားပါတယ်။ အစာစား ပြီး ရှစ်နာရီအကြာမှာ ဆီးမထိန်းနိုင်တာ ဖြစ်ခဲ့ရင် အဲဒီအစာဟာ သင့်ဆီးအိမ်ကို လှုံ့ဆော်နိုင်တဲ့ အစာဖြစ်တာမို့ သင့်အနေ နဲ့ ရှောင်ရှားရပါမယ်။
၎။ ကြွက်သားသန်မာအောင် လေ့ကျင့် ခန်း ပြုလုပ်ပါ
ဆီးသွားတဲ့လမ်းကြောင်းကို ထိန်း တဲ့ကြွက်သားတွေ သန်မာအောင်Kegel လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ရင် ဆီးမထိန်း နိုင်တဲ့ပြဿနာ ၈၀ ရာခိုင်နှုန်း ပျောက် ကင်းသွားနိုင်ပါတယ်။ သားအိမ်တွင်း ကြွက်သားတွေကို ညှစ်တာနဲ့ Relax လုပ်တာကို တစ်ကြိမ်မှာငါးမိနစ်နှုန်းနဲ့ တစ်နေ့ သုံးကြိမ် ပြုလုပ်ပေးပါ။ ၅။ အီစထရိုဂျင် အသုံးပြုပါ မီးယပ်သွေးဆုံးပြီးအမျိုးသမီးတွေ အတွက် အီစထရိုဂျင်ခရင်မ်ကို မိန်းမ ကိုယ်နေရာမှာ နေ့စဉ် ပမာဏအနည်း ငယ် သုတ်လိမ်းပေးတာကြောင့် သားအိမ် တွင်းအတွင်း သွေးလှည့်ပတ်မှု ကောင်းမွန် စေနိုင်ပြီး သုံးလအတွင်း ဆီးအိမ်ြွကက် သားတွေ ထိရောက်စွာ အလုပ်လုပ်နိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )