22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် မန္တလေး ကားလမ်းနံဘေးက ရတနာပုံ တက္ကသိုလ်လမ်းမှာရှိတဲ့ အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၁၀ ဦးကို အလုပ်ပြန်ခန့်ပြီး စက်ရုံမှာ အရင်လို နေထိုင်စားသောက်ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုတိုးက RFA ကိုပြောပါတယ်။
 
အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံတွင် အမျိုးသမီး အလုပ်သမား ၁၀၀ ကျော် စက်ရုံတွင်း ဆန္ဒပြနေစဉ်။
 
"သူတို့ရဲ့ အလုပ်ခေါင်းဆောင်တွေ ၁၀ ယောက်ထုတ်ထားတာ မကျေနပ်တဲ့အတွက် သူတို့ကို အလုပ်ခန့်ဖို့ရာအတွက် ပြောဆိုကြတာပေါ့။ ဆန္ဒပြကြတာပေါ့။ ငြိမ်းချမ်းစွာနဲ့ သူတို့ ဆန္ဒထုတ်ဖော်တယ်။ သူတို့တောင်းဆိုကြတယ်ပေါ့နော်။ မဟုတ်တဲ့ အချက်အလက်တွေပေါ့နော်။ ဥပဒေထဲမပါတဲ့ အချက်အလက်တွေကို သူတို့လက်မခံဘူး။ ဥပဒေပါတဲ့ အချက်အလက်တွေကို အလုပ်သမားတွေက လက်ခံမယ်ဆိုတဲ့ အကြောင်း"
အလုပ်ကထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၁၀ ဦး ကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ အလုပ်ရှင်က သဘောတူညီခဲ့ပေမယ့် အရင်တုန်းကလို စက်ရုံထဲမှာနေထိုင်ခွင့်၊ စားသောက်ခွင့်တွေ မပေးဘူးလို့  ပြန်ကြားထားတဲ့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့က စက်ရုံ အလုပ်ရုံးတွေမှာ လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ နယ်ကနေလာတာ ဖြစ်တဲ့အတွက် နေရေး၊ စားသောက်ရေးတွေကို စက်ရုံပိုင်ရှင်က တာဝန်ယူပေးထားကြရတယ်လို့ သိရပါတယ်၊ ဒီကနေ့ ဆန္ဒပြပွဲကို လုံခြုံရေးအဖွဲ့တွေ အနီးကပ် လာရောက် စောင့်ကြည်တာကလွဲလို့ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က ဘာမှ တုံ့ပြန်မှု မရသေးဘူးလို့လည်း သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )