22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

လာဒ်စားမှုတွေ ဖုန်းကွယ်နေတဲ့ ရေဦး ခရက ဥက္ကဌ ဦးလှဦး

ဒီနေ့ (၇.၈.၂၀၁၂)ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံ /နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ဟာ လာရောက်ပြီးတော့ ရေဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ၀န်ကြီးချုပ်က ပြောခိုင်းတာတွေကို ပြောပါတယ်... ဒီအစည်းအဝေးကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦး၊ ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးသန်းနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ နောက်ပြီးတော့ ၇ဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း အင်အား (၅၀)ကျော်လောက် တက်ခဲ့ရပါတယ်...

ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကတော့ အခုခေတ်ကြီးက ပြောင်းလဲနေပြီ... ပြောင်းလဲမှုတွေကို ဖော်ဆောင်နေပျြီဆိုတဲ့အကြောင်း ဒီမိုကရေစီ လမ်းစဉ်အတိုင်း အရှိန်မပျက်သွားနေပြီဖြစ်တဲ့အကြောင်း ဓါတ်ပြားဟောင်းကြီးကို ဖွင့်တော့တာပေါ့...ဒါက ပြသနာမဟုတ်ပါဘူး... ပြသနာက အခုမှစမှာပါ.... အထူးသဖြင့်တော့ ရဲတွေကို အလေးထားပြောသွားတာပေါ့...
ဘာပဲဖြစ်ဖြစ်ပါ... သူပြောချင်တာကတော့ ပြောင်းလဲမှုတွေ လုပ်နေပြီ ရဲတွေ မပြောင်းကြသေးဘူးလားဆိုတာကိုပဲ ပြောချင်တာ... အထူသဖြင့် လာဘ်ပေးလာဘ်ယူ ကိစ္စပေါ့... ဒါကလည်း ချက်ချင်း ပပျောက်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူးလေ...တစ်သက်လုံးက အရိုးစွဲလာတဲ့ အကျင့်ဖြစ်နေပြီလေ... ဒီလိုအကျင့်တွေကို ၇ိုက်သွင်းပေးခဲ့ကြတာက ဘယ်သူတွေလဲ.... ဒီလိုဖြစ်နေရတာ ဘာကြောင့်လဲဆိုတာ လူကြီးတွေ မသိကြဘူးလား...

အဓိကပြသနာက စား/၀တ်/နေ/ရေး ပဲ.. ဒီကိစ္စကို ဘာဖြစ်လို့ မဖြေရှင်းပေးကြတာတာလဲ... ဘာတွေကုန်ကျတယ်ဆိုတာ အောက်ခြေကတက်တဲ့လူကြီးဆိုရင်တော့ သိမှာပါ... ဖော်လံဖားပြီး တက်တဲ့ လူကြီးဆိုရင်တော့ သိမှာမဟုတ်ဘူး...  ဒါကို သိတဲ့သူကတော့ ဖေးဖေးမမနဲ့ ပြောပေမယ့် မသိတဲ့လူကြီးတွေလည်း ဒုနဲ့ဒေးပါပဲ... မသိချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တာပဲလေ...ဘယ်သူတွေ သေသေ ငတေမာပြီးရောဆိုတဲ့ လူကြီးတွေလည်း ရှိနေတုံး ရှိနေဆဲပါပဲ... ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် မဆိုးပါဘူး.. ရေသောက်ပြန်သွားတယ်... ဖေးဖေးမမပြောသွာတယ်....ချပြသွားတယ်... နားလည်တယ်လို့ ပြောရမှာပေါ့... နွေးနွေးထွေးထွေးပါပဲ... ဒါပေမယ့် ပြောင်းလဲမှုကို လိုချင်တဲ့ လူတွေက ဘာဖြစ်လို့ ၀န်ထမ်းတွေ ဘ၀ကို ပြောင်းလဲအောင် လုပ်ပေးချင်စိတ်မရှိတာလဲ ဆိုတာကို ပြန်မေးချင်တာပါပဲ..

ပြောင်းလဲမှုဆိုတာ ဘယ်လိုမျိုးလဲ... ၀န်ထမ်းတွေ ဘ၀ကရော ဘယ်တော့မှ ပြောင်းလဲမှာလဲ... ၀န်ထမ်းတွေဘ၀ မပြောင်းလဲသရွေ့ အကျင့်ပျက် ခြစားတာကတော့ ရှိနေအုံးမှာပဲ...  အဲ့နောက် ၀န်ကြီးကဆက်ပြောတယ်.... သူတို့ရဲ့အကျပ်အတည်းတွေကိုပေါ့.... ဆင်ပိန်တာ ကျွဲဝသလောက်တော့ ရှိပါသေးတယ်.... သူတို့ကြပ်တယ်ဆိုတာ သူများ ချမ်းသာသလောက်နီးနီးရှိပါတယ်.... နောက်ဆုံး ပြသနာကတော့ ၀န်ကြီးက နိဂုံးချုပ်စကားပြောပြီးတော့ ခရက ဥက္ကဌ ဦးလှဦးက ထပြောတယ်.... သူတော်ကောင်းလေသံနဲ့ပေါ့.... အရှက်မရှိ သူမို့ပြောထွက်တယ်.... ကျွန်တော်ကလည်း ရဲတွေနဲ့ နေနီးနေလို့သာ အခုလို တိတိကျကျပြောနိုင်တာပါ...

အဲ့အစည်းအဝေးမှာလည်း ကျွန်တော်ပါတယ်လေ... ဘာပြောသလဲဆိုတော့ အခုရေဦးမြို့ကို ၀န်ကြီးလာတာက လောင်းကစား၊ တရားမ၀င်သစ် ဒီကိစ္စတွေနဲ့ လာတာပါ... ဘာဖြစ်လို့ ရေဦးတစ်မြို့တည်းကို လာတာလဲ... ၀န်ကြီးချုပ်က လာခိုင်းလို့တဲ့...
တစ်ခြားမြို့တွေမှာရော လောင်းကစား ကင်းစင်နယ်မြေ သတ်မှတ်နိုင်လို့လား... ထားပါ..ဒါက လိုရင်းမဟုတ်ဘူး... လိုရင်းက ရေဦး- ညောင်ပင်သာ-ေ၇ွှဘိုလမ်းမကြီးပေါ်မှာဖြစ်တဲ့ကိစ္စပါ....လမ်းက အသစ်ဆိုတော့ တံတားတွေက မကောင်းဘူးလေ...အသစ်ဆောက်နေတာ..အဲ့ဒါကို ကွင်းဖို့ လမ်းပေးထားတယ်... တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှန်သမျှကို ကွင်းလမ်းပေးထားတဲ့ လမ်းမှန်သမျှမှာ အဲ့ဒီကွင်းလမ်းတစ်ခုပဲ ယာယီတံတားထိုးထားတာ... အဲ့တံတားပေါ်ကို သစ်တွေတင်ထားတဲ့ ကားက ဖြတ်မောင်းလို့ကျိုးကျတယ်လေ... ဒီကိစ္စက အထက်အဆင့်ဆင့်ထိရောက်သွားတယ်ပေါ့... လမ်းတစ်လျှောက်က ရဲ၊ သစ်တော၊ အုပ်ချုပ်ရေး ဌာနက ၀န်ထမ်းထမ်းတွေအားလုံးကို ဖြေရှင်းချက်တောင်းတယ်လေ... အဓိကတရားခံက ခရက ဥက္ကဌ ဦးလှဦးပါ... အဲ့ဒီသစ်ကားက သူ့ထောက်ခံချက်နဲ့သယ်တဲ့ကား...ဒါကို သူက မသိပါဘူးတဲ့.... အရှက်မရှိတဲ့ မျက်နှာနဲ့ ပြောတယ်လေ... အဲ့ဒီထောက်ခံစာ မိတ္တူကို ကျွန်တော်ရအောင် ကြိုးစားတယ်ပါတယ်... ရတဲ့အခါ ပို့ပေးပါ့မယ်....

ကိုယ့်တာဝန် ကိုယ့်အလုပ်ကိုတောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ မလုပ်နိုင်တဲ့သူတစ်ယောက်က ဒီလိုနေရာမျိုးကို ဘယ်လိုရထားသလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ... အဲ့ဒါကိုပြောချင်တာပါ.... ကိုယ်လုပ်ခဲ့တာကို သူများမသိဘူးဆိုတဲ့ပုံစံမျိုးကို မနှစ်မြို့လို့အခုလိုမျိုး ချပြရခြင်းဖြစ်ပါတယ်.... အဲ့ဒီ ထောက်ခံစာကို မြင်တဲ့သူတွေများကြီးပါ.... မိတ္တူကူးပြီးယူးထားခဲ့တဲ့ လူလည်းရှိတယ်... ဒါပေမယ့် အချိန်မီလေးပဲ အဲ့စာကို သိမ်းနိုင်တဲ့အတွက် သူ အလုပ်အလုပ်မပြုတ်တာပါ... ထောင်မကျတာပါ... ဒီလိုမျိုးမဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ထင်တယ်...

ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲမှုကိုလိုချင်ရင် မကောင်းတဲ့သူကိုလည်း ရှင်းသင့်ရင်ရှင်းရမယ်လို့ ကျွန်တော်ထင်တယ်.... ဒါပါပဲ... ဒီမေးလ်ကို တစ်ခြား သတင်းဆိုဒ်တွေကိုလည်း ဖြန့်ဝေပေးစေချင်ပါတယ်.... သိသင့်တဲ့သူတွေသိအောင်လို့ပါ... ကျေးဇူးတင်ပါတယ် ကိုသစ်ထူးလွင်ခင်ဗျား....

ရေဦးမြို့က ပြည့်သူတစ်ဦး


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )