22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

သမ္မတ ဦးသိန်းစိန်နှင့် ပါကစ္စတန်သမ္မတ Asif Ali Zardari (ဓါတ်ပုံ - Google Images)
ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်
တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။

ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

မဇ္ဈိမသတင်းဌာန |
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )