နယူး ဇီလန်နိုင်ငံ၏ မြောက်ကျွန်းပေါ်တွင် တည်ရှိသော မောင့်ကွန်ဂါရီယို မီးတောင်သည် ၁၈၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း မီးတောင်များကို စောင့်ကြည့်သော အစိုးရ GNS သိပ္ပံဌာနက ပြောကြားသည်။
အဆိုပါဒေသမှ မျက်မြင်သက်သေများ၏ ပြောပြမှုအရ “The Lord of the Rings” ရုပ်ရှင်အတွက် နောက်ခံရှုခင်းများ ရိုက်ကူးခဲ့ရာတောင်တွင် မီးတောက်များကဲ့သို့ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး တောင်ဘေးနံရံ အပေါက်သစ်တစ်ခုမှ ပြာမှုန်များ အလုံးလိုက် တက်လာခဲ့ကြောင်း သိရသည်။ “ကျောက်တုံးတွေ လွင့်ထွက်လာတယ်။ မိုးကြိုးလျှပ်စီးတွေလက်ပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်လိုက်သလိုပဲ” ဟု ဒေးဗစ်ဘန်းနက်ဆိုသူ ဒေသခံက ပြောကြားသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည်စီးဆင်းမှု မရှိခဲ့သော်လည်း ပြာမှုန်များ လေထဲသို့ ပေပေါင်း ၂၀,၀၀၀ ခန့်အထိ လွင့်တက်ခဲ့၍ ပြည်တွင်းလေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက ပြောသည်။ ဒေသခံများအား မိမိတို့၏ နေအိမ်များတွင် တံခါးပိတ်နေရန် အရပ်ဘက် ကာကွယ်ရေးက ပြောကြားထားသော်လည်း တွန်ဂါရီယို မီးတောင်သည် အချက်ပြခြင်းမရှိဘဲ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ အဆိုပါမီးတောင်မှာ ပေါက်ကွဲမှု မဖြစ်ပေါ်ခင် မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့သောကြောင့် ၎င်းတို့ကို အံ့အားသင့်သွားစေခဲ့ကြောင်း မီးတောင် ပညာရှင်များက ပြောကြားသည်။ ဝန်ကြီးချုပ် ဂျွန်ကီးကလည်း အာဏာပိုင်များ အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု ပြောသည်။
Ref:AFP
Sunday, August 19, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
8:07 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com