22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ထိုင်းလူမျိုး ၈ ဦး တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ်
 အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက
 ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ပါ
မနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီး

ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

ဒါကြောင့် အဲဒီ ထိုင်းလူမျိုး ၈ ဦးဟာ တရားမ၀င် နိုင်ငံဖြတ်ကျော် ၀င်ရောက်မှုအတွက် မူလချမှတ်ခံထားတဲ့ ထောင်ဒဏ်အပြင် အခုချမှတ်လိုက်တဲ့ လက်နက် ကိုင်ဆောင်မှုအတွက် ထောင်ဒဏ်ကိုပါ ထပ်မံကျခံရမှာ ဖြစ်ကြောင်း ထိုင်းမြန်မာ နယ်ခြားကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကော့သောင်းမြို့နယ် တရားရုံးကနေပြီးတော့ ဒီ ၈ ယောက်ကို ၇ နှစ် ချလိုက်တယ်ခင်ဗျ။ 
ပေါင်း ၁၀ နှစ်ခွဲ ဖြစ်သွားတယ်ခင်ဗျ။ ဒါပေမဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ၂ ယောက် 
ကျန်နေသေးတယ်။ 

မူးယစ်ဆေးဝါးထဲမှာက ဒီ ၈ ယောက်ထဲက တစ်ယောက် ပါနေသေးတယ်။ အဲတာကျတော့ တနင်္လာနေ့ကျမှ ချိန်းထားသေးတယ်။ ဒါကတော့ အများကြီးချိန်းဖို့ ရှိပါသေးတယ်"

ကော့သောင်ခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း ထိုင်းနိုင်ငံသား ၉၂ ဦး ဝင်ရောက်နေထိုင်ပြီး ရော်ဘာနဲ့ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပျိုး လုပ်ကိုင်နေတာကို မြန်မာစစ်တပ် ခမရ ၄၃၁ က ဇူလိုင်လဆန်းက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
 အဲဒီ ၉၂ ဦးကို ဇူလိုင် ၂၂ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး အဲဒီထဲက ၉ ဦးကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတို့နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

RFA (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )