22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ဗန်ဒါဗတ်ကို ခေါ်ယူရန် ညှိနှိုင်း နေမှုအား ဟမ်းဘာ့ဂ် ရုတ်သိမ်း

ဟမ်းဘာ့ဂ်အသင်းက ရာဖေးလ် ဗန်ဒါဗတ်ကို ခေါ်ယူရန် စီစဉ်နေမှု များကို အသင်းပိုင်ရှင်က ကန့်ကွက် ခဲ့သည့်နောက် အပြီးသတ် ရုတ်သိမ်းသွားပြီ ဖြစ်သည်။


ထို့ကြောင့် နယ်သာလန် လက်ရွေးစင် အနေဖြင့် တစ်ချိန်က အကောင်းဆုံး ကစားပေးခဲ့သည့် အသင်းဟောင်း ဂျာမန် ကလပ်သို့ ပြန်သွားရန် မျှော်လင့်ချက်များ ပြီးဆုံး သွားခဲ့သည်။ အစောပိုင်းက အသက်(၇၅)နှစ်ရှိ ဘီလျံနာ သူဌေးကြီး ကလော့စ် မိုက်ကယ် ကူနီသည် ဗန်ဒါဗတ်ကို ဝယ်ယူရေးအတွက် အသင်း၏ ကြိုးပမ်းမှုကို လက်ခံပေး ထားသော်လည်း ယခုအခါတွင်မူ ဝင်ရောက် တားဆီးခဲ့ခြင်း ဖြစ်သည်။ သတင်းများက စပါးနှင့် ဟမ်းဘာ့ဂ်တို့သည် ပေါင်စတာလင် (၉.၅)သန်းတန် အပြောင်းအရွှေ့အတွက် အဆင်ပြေ ချောမွေ့နေသော်လည်း ယခုအခါ သဘောတူညီမှု ပျက်ပြယ်သွားကြောင်း ဖော်ပြခဲ့သည်။

ဗန်ဒါဗတ်သည် ဇနီးဖြစ်သူ ဆီလ်ဗီ ဗန်ဒါဗတ်က ဟမ်းဘာ့ဂ်မြို့အနီးတွင် အလုပ် လုပ်နေခြင်းကြောင့် ထိုမြို့သို့ ပြန်သွားရန် မျှော်လင့်မိကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ၎င်းသည် (၃)နှစ်ကြာ ကစားခဲ့ဖူးသည့် အသင်းကို ချစ်မြတ်နိုးနေဆဲဟုလည်း ပြောကြားထားသည်။ စပါးသည် ဗန်ဒါဗတ်ကို ရောင်းထုတ်ရန်အတွက် စီစဉ်ထားပြီး ဟော်ဖန်ဟိုင်းမှ ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်ကိုပင် ၎င်းနေရာ အစားထိုးရန် ခေါ်ယူထားခဲ့သည်။ စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်ကမူ ဗန်ဒါဗတ်သည် မိမိ၏ အနာဂတ် စီမံကိန်းတွင် မပါဝင်တော့ဆိုသည့် သတင်းများအား ငြင်းဆန်ခဲ့သည်။

ဗန်ဒါဗတ်သည် ဇနီးဖြစ်သူ ဆီလ်ဗီ ဗန်ဒါဗတ်က ဟမ်းဘာ့ဂ်မြို့အနီးတွင် အလုပ်လုပ်နေခြင်းကြောင့် ထိုမြို့သို့ ပြန်သွားရန် မျှော်လင့်မိကြောင်း ဝန်ခံခဲ့...
"ဗန်ဒါဗတ်က ကံမကောင်းပါဘူး။ သူက ဥရောပဖလား အပြီးမှာ အပန်းဖြေ ခရီးကနေ ပြန်လာတယ်။ ပြီးတော့ လော့စ်အန်ဂျလိစ် ဂလက်စီနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရသွားတယ်။ ဒါကြောင့် သူက ရာသီကြို ပွဲတော်တော်များများ လက်လွတ်သွားပြီး ဆီဂါ့ဒ်ဆန်ကတော့ ရာသီကြို ကာလမှာ အသင်းနဲ့ နီးနီးစပ်စပ် ရှိနေခဲ့တယ်လေ" ဟု ဘိုအာ့စ်က ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )