သာပေါင်း မြို့နယ်မှာ ရွာ လေးရာ လောက်ရှိတဲ့ အနက် ၃ဝ၅ ရွာ မှာ ဝါးတပြန် လောက်
ရေမြုပ် နေတာ တလ ရှိနေပြီလို့ သွားရောက်
ကူညီသူ တွေက ဆိုပါတယ်။
ဖြစ်ရိုး ဖြစ်စဉ် ရေကြီးမှုလို့ အစိုးရ ဘက်က ဆိုပေမယ့် အခြေအနေ ဆိုးတယ်လို့ မြန်မာ့
လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်က ကိုနေမျိုးဇင်က ပြောပါတယ်။
မျိုးစပါးနဲ့ ဝမ်းစာ စပါးတွေ ရေစို ပျက်စီး ကုန်လို့ အခြေခံ လူတန်းစား တွေ အခက်ကြုံ နေပြီး ဆန်ပြုတ်သောက် ငါးမျှားစား နေရတယ်လို့ သိရပါတယ်။
အိမ်ခေါင်မိုး တွေပေါ်မှာ ကလေးတွေကို လင့်စင်ထိုး တင်ထားရ တာမို့ ချိနဲ့ နေတာ တွေ့ရပါတယ်။
ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က သင်္ဘာနဲ့ သာပေါင်းထိ ရိက္ခာ လာချပေမယ့် အစိုးရ အကူအညီတော့ မမြင်ရ သေးဘူးလို့ ကိုနေမျိုးဇင်က ပြောပါတယ်။
BBC ( မြန်မာပိုင်း)
11:44 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com