အသင်းမှ ကွင်းလယ် ကစားသမား ရီကာဒို ကာကာအတွက် မန်ချက်စတာ ယူနိုက်တက် အသင်းက ကမ်းလှမ်းမှု မပြုလုပ်ခဲ့ဟု ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။
မန်ယူအသင်းသည် ဘရာဇီးလ် Playmaker ကာကာကို အငှားခေါ်ယူရန်အတွက် ရီးယဲလ်ထံ ကမ်းလှမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ပေါ်တူဂီသား နည်းပြက ယခုလို ငြင်းချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။ ကာကာသည် ဆမ်မီခီဒီရာ၊ ရှာဘီအလွန်ဆို၊ လာဆာနာ ဒီယာရာ၊ အက်စတာဘန် ဂရာနီယိုတို့ ရှိနေသော ရီးယဲလ်ကွင်းလယ်တွင် ပုံမှန်ပွဲထွက်ခွင့် မရဘဲ အရန်ခုံတွင်သာ အထိုင်များနေသည်။ ၎င်းကို အသင်းဟောင်း အေစီမီလန်ကလည်း စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
မော်ရင်ဟိုက နျူရီဆာဟင်၏ အာဆင်နယ် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ကာကာ၏ အလားအလာကို ပြောဆိုသွားခြင်း ဖြစ်သည်။ "ကာကာနဲ့ ဆာဟင်က ကွဲပြားတဲ့ အခြေအနေမျိုးပါ။ ကျွန်တော်တို့ဆီမှာ ကာကာအတွက် ဘာကမ်းလှမ်းမှုမှ မရှိနေပါဘူး။ သူက ဘာနေဗျူးမှာပဲ ဆက်ရှိနေမယ် ထင်ပါတယ်"ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။ ၎င်းက အာဆင်နယ်သို့ အငှားပြောင်းရွှေ့သွားသည့် တူရကီ လက်ရွေးစင် ဆာဟင်၏ ဆုံးဖြတ်ချက်ကိုမူ ကြိုဆိုသွားခဲ့သည်။
ကာကာနဲ့ ဆာဟင်က ကွဲပြားတဲ့ အခြေအနေမျိုးပါ။ ကျွန်တော်တို့ဆီမှာ ကာကာအတွက် ဘာကမ်းလှမ်းမှုမှ မရှိနေပါဘူး။ သူက ဘာနေဗျူးမှာပဲ ဆက်ရှိနေမယ် ထင်ပါတယ်..
"ပရီးမီးယားလိဂ်ဟာ ကစားသမားကောင်းတွေအတွက် သင့်တော်တဲ့ နေရာပါ။ သူ့အနေနဲ့ လက်ရှိ ရွေးချယ်မှုကြောင့် အကျိုးရှိမယ် ထင်ပါတယ်။ ဆာဟင်အနေနဲ့ အာဆင်နယ်အပြင် လီဗာပူးလ်ဖြစ်ဖြစ်၊ တော့တင်ဟမ် ဟော့စပါးဖြစ်ဖြစ် ဘယ်အသင်းကိုမဆို ရွေးချယ်တာဖြစ်ဖြစ် ကျွန်တော့် အတွေးထဲမှာတော့ အတူတူပါပဲ"ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com