မန်ချက်စတာ ယူနိုက်တက် အသင်းသည် လီဗာပူးလ် အသင်းနှင့် အပြိုင် မက္ကစီကို အိုလံပစ် လက်ရွေးစင် ဟက်တာ ဟာရဲရာကို ချိန်ရွယ်နေကြောင်း သိရှိရသည်။
Zorrorဟု ပရိသတ်များက ချစ်စနိုး ခေါ်ဝေါ်သော ကွင်းလယ် ကစားသမားသည် အိုလံပစ် ရွှေတံဆိပ် ဆုရှင် မက္ကစီကို အသင်းအတွက် ခြေစွမ်းပေါ်လွင်စွာ ကစားပေးခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးသော ဟာရဲရာသည် အိုလံပစ်တွင် မတောက်ပခင် ကတည်းက မန်ယူ အသင်း၏ စောင့်ကြည့် စာရင်းတွင် ရှိနေခဲ့သည်။ မန်ယူသည် ဟာရဲရာကို (၁)နှစ်ကျော် အချိန်ယူ လေ့လာနေခဲ့သလို လီဗာပူးလ်ကလည်း ကစားသမားအား အထူးတလည် စိတ်ဝင်စားနေသည်။ ယခုအခါ မန်ယူအသင်းသည် ဟာရဲရာအတွက် အတည်ပြု ချဉ်းကပ်မှု ပြုလုပ်လာကြောင်း ပါချူကာ အသင်း၏ အားကစား ဒါရိုက်တာ အန်ဒရက်စ် ဖာဆီက ထုတ်ဖော် ပြောကြားလာခဲ့သည်။
မန်ယူမှ စောင့်ကြည့်နေသည့် ကွင်းလယ်ကစားသမား ဟာရဲရာ
ဖာဆီက ပေါင်စတာလင် (၁၀)သန်းတန် ကစားသမား အတွက် တရားဝင် စုံစမ်းမှုများ ရှိလာကြောင်း အတည်ပြုခဲ့သည်။ "ဒါဟာ တရားဝင် ချဉ်းကပ်မှု တစ်ခုပါ။ ကျွန်တော်တို့မှာ မှတ်တမ်း အချက်အလက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဒီထက် ဘာမှပိုပြီး မပြောနိုင်သေးပါဘူး" ဟု ဖာဆီက ဆိုသည်။ သတင်းများက ပါချူကာ အသင်းသည် ဟာရဲရာ အတွက် ပေါင်စတာလင် (၁၀)သန်းမျှ တောင်းဆိုနိုင်ကြောင်း ဖော်ပြခဲ့သည်။ ဟာရဲရာသည် လတ်တလောတွင် ခြေကျင်းဝတ် ဒဏ်ရာမှ ပြန်လည် သက်သာလာကာစ အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ဒါဟာ တရားဝင် ချဉ်းကပ်မှု တစ်ခုပါ။ ကျွန်တော်တို့မှာ မှတ်တမ်း အချက်အလက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဒီထက် ဘာမှပိုပြီး မပြောနိုင်သေးပါဘူး...
မန်ယူသည် ဘရာဇီးလ် လူငယ် ကစားသမား လူးကက်စ်မိုရာကို ခေါ်ယူရေး ကြိုးပမ်းမှု မအောင်မြင်သည့်နောက် ဟာရဲရာကို စိတ်ဝင်စားလာခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။ ထို့အပြင် မန်ယူသည် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဖိလစ်ပီ မက်ဆက်စ်ကို အေစီမီလန်ထံမှ အငှားခေါ်ယူနိုင်ရန်လည်း စုံစမ်းလျှက် ရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
11:38 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com