22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

ကာဗာနီကို ပေါင်စတာလင် (၃၅)သန်းဖြင့် ခေါ်ယူဖွယ် ရှိနေသည့် ချယ်လ်ဆီး

အီဒင်ဆန် ကာဗာနီ အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုကို ချယ်လ်ဆီး အသင်းက မကြာမီတွင် စတင်လာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။


ချယ်လ်ဆီး၏ အီတလီသား မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် ဒီဒီရာ ဒရော့ဂ်ဘာ နေရာတွင် တိုက်ရိုက် အစားထိုးနိုင်မည့် တိုက်စစ်မြားဦး ကစားသမား တစ်ဦးကို အလိုရှိနေရာ ဥရုဂွေး လက်ရွေးစင် ကာဗာနီသည် အဓိက ပစ်မှတ် ဖြစ်နေကြောင်း သိရသည်။ ဒီမက်တီယိုသည် နာပိုလီ အသင်း၏ တိုက်စစ် ကစားသမားကို ဦးစားပေး မျှော်လင့်ထားသော်လည်း ညှိနှိုင်းမှုများ အဆင်မပြေပါကမူ ပေါ်တို၏ ဟော့ခ်အတွက် ပေါင်စတာလင် (၄၅)သန်း သုံးစွဲလာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။

လက်ရှိတွင် ချယ်လ်ဆီးသည် တိုက်စစ်မှူး (၂)ဦးလုံးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ယုံကြည်ရသည်။ ချယ်လ်ဆီးအား ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရယူပေးခဲ့သည့် ဒီမက်တီယိုက "အသင်းကို လူသစ်တွေ ထပ်ရောက်လာမလား ဆိုတာကိုတော့ ကျွန်တော် သေချာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုက်စစ်ပိုင်းမှာတော့ အားဖြည့်မှုတချို့ ရှိလာနိုင်တယ်"ဟု ပြောကြားခဲ့သည်။ ချယ်လ်ဆီးသည် ယခုသီတင်းပတ် မကုန်မီ ဝီဂန်၏ ပေါင်စတာလင် (၉)သန်းတန် တောင်ပံလူ ဗစ်တာမော့ဆက်စ်နှင့် အိုလံပစ် မာဆေးလ်၏ ပေါင်စတာလင် (၇)သန်းတန် နောက်ခံလူ ဆီဇာ အက်ဇ်ပီကျူတာတို့ကို စာချုပ်နိုင်ရန်လည်း မျှော်လင့်လျှက် ရှိသည်။
အသင်းကို လူသစ်တွေ ထပ်ရောက်လာမလား ဆိုတာကိုတော့ ကျွန်တော် သေချာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုက်စစ်ပိုင်းမှာတော့ အားဖြည့်မှုတချို့ ရှိလာနိုင်တယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )