22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 20, 2012

ယာဉ်တိုက်မှု ဖြစ်စဉ် များပြားလာမှုကြောင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း ငါးရက်လျှင် ပျမ်းမျှလူဦးရေလေးဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှု
 ဖြစ်စဉ်များကြောင့် ငါးရက်လျှင်ပျမ်းမျှ လူဦးရေလေးဦး သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကြိုးမဲ့
ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ ယာဉ်တိုက်မှုဖြစ်စဉ် ၇၁၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေမှာ ၁၇၀ဦးရှိခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ ဇူလိုင်လကုန်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း မထသ ယာဉ်တိုက်မှု ၄၆ မှု၊ အခြားခရီးသည် တင်ယာဉ်တိုက်မှု ၁၁၈ မှု၊ တက္ကစီ ၇၆ မှု၊ အငှားကုန်တင်ယာဉ် ၉၀ မှု၊ ကိုယ်ပိုင်ယာဉ် ၃၆၇ မှု၊ ဌာနဆိုင်ရာ ယာဉ် ၁၁ မှု၊ စစ်ယာဉ် ၁ မှု၊ သံတမန်/ဖွဲ့ယာဉ် ၂မှု၊စုစုပေါင်း ၇၁၁မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၇၀ ဦးရှိ ခဲ့ပြီး ၁၁၀၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း  သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဗန္ဒုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်း ဒါရိုက်တာဖြစ်သူ ဦးမျိုးမြင့်က “ယာဉ်တိုက်မှုဖြစ်စဉ်တွေ အမျာအပြားဖြစ်နေရတဲ့ အကြောင်းရင်းတွေမှာ လည်း ယာဉ်မောင်းအချို့တွေက အပြိုင်အဆိုင် မောင်းနေကြတာတွေကြောင့်လည်း ပါဝင်ပါတယ်။

ယာဉ်မောင်းအချို့က သင်တန်းမတက်ဘဲ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ပြီး မောင်းနေကြတယ်။ သင်တန်းမတက်တော့ ဥပဒေတွေ လမ်းစည်းကမ်းတွေ မသိကြဘူး။

ဒါတွေနားလည်အောင် လုပ်ဆောင်ကြရင် ယာဉ်တိုက်မှုတွေ လျော့ကျနိုင်ပါတယ်”ဟု ပြောပြခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ဗဟိုကော်မတီဥက္ကဌ ဦးလှအောင်က “ယာဉ်မောင်းတွေရဲ့ အရည်အသွေးတွေ ပြည့်ဝဖို့ အများကြီးလိုအပ်ပါတယ်။

လူသားအရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူတွေ အနေနဲ့မိမိရဲ့ အရည်အသွေးကို လုပ်ငန်းနဲ့အံဝင်ခွင်ကျဖြစ်အောင် လေ့လာဆည်းပူးဖို့ လိုအပ်ပါတယ်။

 လမ်းရဲ့အားနည်းချက်တွေကို ပြုပြင်ပြီး လူတွေအားလုံးက ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းတွေကို အပြည့်အ၀လိုက်နာမယ်ဆိုရင် ယာဉ်တိုက်မှုတွေ လျော့ကျသွားမယ့်အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း လျော့နည်းသွားမှာပါ”ဟုပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရီးသည်တင်ယာဉ် ၁၁၀၀၀ကျော်ရှိပြီး ကိုယ်ပိုင်ယာဉ်များ၊ ကုန်တင်ဝန်တင်ယာဉ်များ၊ ထော်လာဂျီများ၊ နှစ်ဘီးသုံးဘီးတပ်ယာဉ်များ၊ စက် ယန္တရားကြီးများနှင့် အခြားယာဉ်များ အပါအ၀င် ယာဉ်အစီးရေစုစုပေါင်း ၂၇၉၀၀၀ ကျော်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


                                        သြဂုတ်လ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း 
                                                        ယာဉ်တိုက်မှု တစ်ခုကို တွေ့ရစဉ် ဓာတ်ပုံ - ၀င်းမြင့်ကျော်

ခရီးသည်တင်ယာဉ် မောင်းနှင်သူယာဉ်မောင်းတစ်ဦးကလည်း “ယာဉ်မောင်းတွေအနေနဲ့ကလည်း ယာဉ်တိုက်မှုဖြစ်ပြီဆိုတာနဲ့ ဖြစ်စဉ် အခြေအနေပေါ်မူတည်ပြီး ဥပဒေ အရ အရေးယူခံရမယ်ဆိုတာ
သိပြီး သားပါ။

ကားတွေက တစ်စီးနဲ့တစ်စီး အချိန်တစ်ခုခြားပြီး ထွက်ကြတယ် ဆိုပေမယ့် အချို့မီးပွိုင့်၊ လမ်းဆုံ
တွေ မှာဆိုရင်စောင့်နေရတဲ့ ယာဉ်တန်းက အရှည်ကြီး ဖြစ်နေတာတွေ ရှိတယ်။

 အဲဒီလိုအခြေအနေမှာ ကားဂိတ်ကနေ လွှတ်လိုက်တဲ့ ယာဉ်တွေကသွားပြီး စုပြုံသွားတဲ့အတွက် ကိုယ်မှန်းထားတဲ့ ခရီးသည်မရမှာစိုးလို့ ယာဉ်စည်းကမ်းကို သိသိနဲ့ချိုးဖောက်ပြီး ပြေးဆွဲလိုက်ရတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။

 အချို့ယာဉ်မောင်းတွေကလည်း အချင်းချင်းယှဉ်မောင်းတာတွေ ရှိတယ်။ ဒါတွေအပြင်ယာဉ်တွေ က ကြံ့ခိုင်မှု အားနည်းတာတွေကြောင့်လည်း ယာဉ်တိုက်မှုတွေ ပိုဖြစ်နေတာပါ”ဟု သုံးသပ်ခဲ့သည်။

၂၀၁၂ခုနှစ်၊ ခုနှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ် ခုနှစ်ရာကျော် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ တိုက်ပြီး ထွက်ပြေးသွားသည့် အမှုပေါင်း သုံးရာနီးပါးရှိခဲ့ကြောင်း သိရှိရသည်။

Eleven media group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )