22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့်သတ်ဖြတ်သည့် အမှုများနှင့်ပက်သက်၍ မလေးရှားအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်းမရှိသေးကြောင်း
သတင်းရရှိသည်။


ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှု့ကြောင့် မလေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံ မလေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကို မလေးရှားအာဏာပိုင်များသို့ တိုင်ကြားထားသော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

"အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီးတော့ လိုင်းကားပေါ်မှာ အနိုင်ကျင့်ခံကြရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။

မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက်လို့ အခုချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ်ရာလုပ်ဆောင်နေတာတွေ ဘာမှမရှိဘူး။

အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကို ဘင်္ဂလီတွေ၊ မလေးတွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီတော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘောမှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင်ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရပါတယ်။"ဟု မလေးရှားရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဇော်မိုးက ပြောသည်။

ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊ မလေးရှားနိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စုနှင့် မလေးရှားဒေသခံများ၏ အနိုင်ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး တစ်ဦးမှာ ကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊

 ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအား ဘင်္ဂလီများမှ ဓါးဖြင့်ခုတ်ရာ ဦးခေါင်းနောက်စည်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့ အန်ပန်းမြို့နယ် ၁၄မိုင်တွင် ဘင်္ဂလီများနှင့် မလေးရှားဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း၊

ဇူလိုင်လ ၂၈ရက်နေ့က လိုင်းကားပေါ်တွင် လိုက်ပါလာသော ရခိုင်များအား လိုင်းကားပေါ်မှဆွဲချကာ ရိုက်နှက်မှုများ တစ်ဘက်နှင့်တစ်ဘက် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

"အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊ မလေးနိုင်ငံသားတွေကိုက ဒီအမှုတွေထဲမှာ ပါဝင်နေလို့ ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ ကျနော်ယူဆမိပါတယ်။

 မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆိုတာတွေလည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Arakan Times
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )