22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

အာဆင်နယ်နှင့် သတင်းထွက်နေသည့် ဆာဟင်ကို ခေါ်ယူနိုင်တော့မည်ဟု လီဗာပူးလ်ကြေညာ

နျူရီဆာဟင်ကို အာဆင်နယ်က ခေါ်ယူရန် သဘော တူညီမှု ရရှိ ထားပြီဟု သတင်းများက ဖော်ပြခဲ့သော်လည်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက မိမိတို့သည် တူရကီ လက်ရွေးစင်ကို ခေါ်ယူနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ဟိုဆေး မော်ရင်ဟို ကိုယ်တိုင်က ဆာဟင်၏ အာဆင်နယ် အပြောင်းအရွှေ့အပေါ် အသိအမှတ်ပြုသည့် အခြေအနေမျိုး ပြောဆိုထားပြီး အာဆင်နယ်သည် တစ်နှစ်အငှား စာချုပ်ဖြင့် ဆာဟင်ကို ခေါ်ယူထားပြီဟု သတင်းများက ဖော်ပြနေသည့်တိုင် ရော့ဂျာက ယခုလို အံ့အားသင့်ဖွယ် ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ ရော့ဂျာက "လာမယ့် (၂၄)နာရီ အတွင်းလောက်မှာ ဆာဟင့် အပြောင်းအရွှေ့ကို သဘော တူညီမှု ရမယ် ထင်ပါတယ်။ ဒါဟာ ကလပ်အတွက် သတင်းကောင်း ဖြစ်မှာပါ။ သူဟာ ထူးခြားတဲ့ ပါရမီမျိုး ပိုင်ဆိုင် ထားသလို အသင်းအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမယ့် ကစားသမားမျိုးပါ" ဟု ပြောကြားသွားသည်။

ယခု အပြောင်းအရွှေ့တွင် လီဗာပူးလ်၏ စီမံရေးရာ ဒါရိုက်တာ အီယန်အိုင်ရီနှင့် ကစားသမား၏ အေးဂျင့်တို့ ဆွေးနွေးပြီးနောက် အခြေအနေ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဟု သိရသည်။ ဆာဟင်သည် စပိန်မှ မာဆေးဆိုက်သို့ ဆေးစစ်ခံရန် သွားရောက်မည် ဖြစ်သည်။ ရော့ဂျာက အသင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေသည့် တိုက်စစ်မှူး အန်ဒီကာရိုးလ်သည်လည်း အန်းဖီးလ်တွင် အနာဂတ် ရှိနေသေးကြောင်း ဆိုသည်။ ၎င်းက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ကာရိုးလ်ကို မသုံးခြင်းမှာ ဒဏ်ရာကြောင့်ဟု အကြောင်းပြခဲ့ပြီး ချန်ပီယံ မန်ချက်စတာ စီးတီးနှင့် ရင်ဆိုင် ရာတွင်မူ ကာရိုးလ်အနေဖြင့် ကြံ့ခိုင်မှု ပြည့်ဝနေမည်ဟု ယုံကြည်ကြောင်း ပြောကြားသွားသည်။

လာမယ့် (၂၄)နာရီ အတွင်းလောက်မှာ ဆာဟင့် အပြောင်းအရွှေ့ကို သဘောတူညီမှု ရမယ် ထင်ပါတယ်။ ဒါဟာ ကလပ်အတွက် သတင်းကောင်း ဖြစ်မှာပါ။ သူဟာ ထူးခြားတဲ့ ပါရမီမျိုး ပိုင်ဆိုင်ထားသလို အသင်းအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမယ့် ကစားသမားမျိုးပါ...
"ကာရိုးလ် အနေနဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က သူဟာ တံကောက်ကြော နည်းနည်း ထိခိုက်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Scanဖတ် စစ်ဆေးမှုအရ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို (၄၈)နာရီလောက် အချိန်ပေး အနားယူစေခဲ့ပါတယ်။ မနေ့က ကာရိုးလ် လေ့ကျင့်ခန်း စဆင်းပါပြီ။ အရင်ပွဲတုန်းက ဆေးအဖွဲ့ရဲ့ အကြံပေးချက်အရ သူ့ကို စွန့်စားပြီး မသုံးခဲ့တာပါ။ မန်စီးတီးနဲ့ပွဲအမီ ကာရိုးလ် ကြံ့ခိုင်မှု ပြန်ကောင်းနေဖို့ မျှော်လင့်ပါတယ်"ဟု ရော့ဂျာက ပြောကြားသွားသည်။
Ref: Mirror
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )