22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

ချယ်လ်ဆီး နောက်ခံလူ လုဇ်အား ပစ်မှတ်ထားနေသည့် မန်စီးတီး

ဗဟိုနောက်ခံလူ တစ်ဦးကို ရှာဖွေနေသည့် မန်ချက်စတာ စီးတီး အသင်း၏ နောက်ဆုံး ပစ်မှတ်သည် ချယ်လ်ဆီးမှ ဒေးဗစ်လုဇ် ဖြစ်လာကြောင်း သိရှိရသည်။

မန်စီးတီးသည် ချယ်လ်ဆီးနှင့် အဆင်မပြေ ဖြစ်နေကြောင်း သတင်းထွက်နေသည့် ဘရာဇီးလ် လက်ရွေးစင်အား ပေါင်စတာလင် သန်း(၃၀)ဖြင့် ခေါ်ယူရန် စီစဉ်နေပြီဟု Daily Mailက ဆိုသည်။ လီဗာပူးလ်မှ ဒန်နီရယ်လ် အဂ္ဂါကို ကြိုးပမ်းမှု အဆင်မပြေ ဖြစ်နေသည့် ပရီးမီးယားလိဂ် ချန်ပီယံများသည် အသက်(၂၅)နှစ်ရှိ လုဇ်နှင့် ချယ်လ်ဆီးတို့၏ လက်ရှိ ဆက်ဆံရေးကို စောင့်ကြည့်လျှက် ရှိနေသည်။ The Sunသတင်းစာတွင် ဖော်ပြထားမှုအရ လုဇ်သည် Twitterပေါ်တွင် ၎င်း၏ ဒူးဒဏ်ရာ ကိစ္စကို ရေးသားမိခဲ့သဖြင့် အသင်း၏ ဒဏ်တပ်ရိုက်မှုကို ခံခဲ့ရကြောင်း သိရှိရသည်။



ချယ်လ်ဆီးသည် Social Mediaများတွင် ကစားသမားများ၏ အသင်းနှင့်ဆိုင်သော ကိစ္စများကို ဖြန့်ဝေမှုကို တားမြစ်ထားသည်။ ချယ်လ်ဆီး မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုက "Social Mediaနဲ့ ဆိုင်တဲ့ ကိစ္စတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေဆဲပါ။ ဒါတွေကို အတွင်းကျကျ ဖြေရှင်းနိုင်ဖို့ လိုပါတယ်" ဟု ပြောကြားခဲ့ဖူးသည်။ သတင်းအချို့က ချယ်လ်ဆီးအသင်းက ရက်ဒင်းအား (၄-၂)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် လုဇ်မပါဝင်သည်မှာ မန်စီးတီးသို့ ပြောင်းရွှေ့ရေး ဆွေးနွေးနေမှုကြောင့်ဟု ခန့်မှန်းဖော်ပြခဲ့ကြသည်။

မန်စီးတီးသည် လတ်တလောတွင် မီကာရစ်ချတ် ဒဏ်ရာ ရသွားသည့်နောက် ခံစစ်ပိုင်းတွင် ပိုမို ကျပ်တည်းမှုများ ကြုံလာရသည်။ လုဇ်သည် ချယ်လ်ဆီးသို့ (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလက ဘင်ဖီကာထံမှ ပေါင်စတာလင် (၂၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။
လုဇ်သည် Twitterပေါ်တွင် ၎င်း၏ ဒူးဒဏ်ရာ ကိစ္စကို ရေးသားမိခဲ့သဖြင့် အသင်း၏ ဒဏ်တပ်ရိုက်မှုကို ခံခဲ့ရ..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )