22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

ဝီလျံအား ခေါ်ယူရန် အတွက် မိုဒရစ်ကို အလျင်အမြန် ရောင်းချနိုင်ရန် ဘိုအာ့စ်မျှော်လင့်

ဝီလျံအား ခေါ်ယူနိုင်ရေး အတွက် လူကာမိုဒရစ်အား လျင်လျင်မြန်မြန် ရောင်းထုတ်သွားရန် တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အလို ရှိနေသည်။


ပေါ်တူဂီသား မန်နေဂျာ ဘိုအာ့စ်သည် ပေါင်စတာလင် (၃၅)သန်း ဝန်းကျင်ဖြင့် ရီးယဲလ်မက်ဒရစ်သို့ ရောက်ရှိမည်ဟု သတင်း ထွက်နေသည့် ခရိုအေးရှား လက်ရွေးစင် မိုဒရစ်၏ အပြောင်းအရွှေ့ ကြန့်ကြာနေခြင်းကို စိတ်မရှည်နိုင်သည့် သဘောမျိုး အရိပ်အမြွက် ပြောကြားလာခဲ့သည်။ စပါးသည် ဘရာဇီးလ် ကွင်းလယ်လူ ဝီလျံကို ရှက်တာဒိုးနက်ခ် အသင်းထံမှ ပေါင်စတာလင် သန်း(၂၀) ဝန်းကျင်ဖြင့် ဝယ်ယူရန် အကြို သဘောတူညီမှု ရရှိထားပြီးဟု သတင်းများ ထွက်ပေါ်နေသော်လည်း မိုဒရစ် အပြောင်းအရွှေ့ မဖြစ်မြောက်သေးသဖြင့် အပြီးသတ် ဝယ်ယူနိုင်ခြင်း မရှိသေးပေ။
စပါးမှ ရောင်းထုတ်ချင်နေသည့် မိုဒရစ်

ဘိုအာ့စ်က "ခုအခြေအနေက လိုတာထက် ပိုပြီးတော့ အချိန်ဆွဲသလို ဖြစ်နေတယ်။ ကျွန်တော်တို့ တော်တော်ကြီး စိတ်ရှည်နေရပါတယ်"ဟု မိုဒရစ် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ဖွင့်ဟသွားခဲ့သည်။ ၎င်းက အသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်း အနေဖြင့် မိုဒရစ် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ "ဥက္ကဋ္ဌက လာဘ်မြင်တဲ့သူ တစ်ယောက်ဆိုတာ အားလုံး အသိပါ။ မကြာခင် ရက်ပိုင်း အတွင်းမှာ ခုကိစ္စအားလုံး ပြီးပြတ် သွားမယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ ဒီလိုပဲ တွေးနေပါဦးမယ်" ဟုလည်း ဘိုအာ့စ်က ပြောကြား သွားခဲ့သည်။

Ref: The Sun

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )