22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

ဝန်ကြီးဌာန အဆောက်အအုံ လေးခု ဟိုတယ် ဆောက်ရန် အဆို ပြုသည့် လုပ်ငန်းရှင် ၇၀ဦးရှိ


 


ရန်ကုန်မြို့ အချက်အချာ ကျသည့် နေရာများတွင် တည်ရှိသော ဝန်ကြီး ဌာနပိုင် အဆောက်အအုံ ရုံးဟောင်းလေးခုကို ဟိုတယ်အဖြစ် ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံ မှုများ လုပ်ကိုင်ရန် ဖိတ်ခေါ်ရာတွင် ပြည် တွင်းမှ တိုင်းရင်းသားလုပ်ငန်းရှင် နှင့်နိုင်ငံခြားသားလုပ်ငန်းရှင်၇၀ဦး အဆိုပြုတင်သွင်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့ နယ်အတွင်း ဆူးလေဘုရားလမ်း နှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ ယခင်ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ဝန်ကြီးဌာန၏ ရုံး ဟောင်း သုံးထပ်အဆောက်အအုံ၊ ကုန်သည်လမ်းရှိ ယခင်မြန်မာ့ရေ နံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ၏ ရုံးဟောင်းသုံးထပ် အဆောက် အအုံ၊ ဗိုလ်ဆွန် ပက်လမ်းရှိ ယခင် ကုန်သွယ်ရေးကော်ပိုရေးရှင်း၊ အမှတ်-၅ ရုံးဟောင်း၏ လေးထပ် အဆောက်အအုံတို့အပြင် ကျောက်တံတားမြို့နယ်၊ ကုန် သည်လမ်းနှင့်မဟာဗန္ဓုပန်းခြံ လမ်းထောင့်ရှိ ယခင်သွင်းကုန် ထုတ်ကုန်လုပ်ငန်းရုံးဟောင်း၏ လေးထပ်အဆောက်အအုံတို့ကို မူလပုံစံမပျက် ဟိုတယ်အသွင်း ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ် ရန် နိုင်ငံပိုင်သတင်းစာများတွင် ဩဂုတ်၈ရက်နောက်ဆုံးထား၍ ဖော်ပြပြီး တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ် သည်။
တင်ပြလာသည့် လုပ်ငန်းရှင် ၇၀ ဦး၏ အဆိုပြုလွှာများကို ရင်းနှီးမြှုပ်နှံ ကော်မရှင် ဥက္ကဋ္ဌပါဝင်သည့် ဘုတ်အဖွဲ့ဝင် ခုနစ်ဦးက ရွေးချယ်ဆုံးဖြတ် မည်ဖြစ်သည်။ “တစ်လအတွင်း ရွေးချယ်နိုင်မယ်လို့ထင်တယ်” ဟု ၄င်းတာဝန်ရှိ သူက ပြောသည်။
ဟိုတယ်ဆောက်လုပ်ရန် တင်ပြလာသော လုပ်ငန်းရှင် များကို ရွေးချယ်ရာတွင် ၄င်းတို့အကောင်အထည်ဖော်ရန် အဆိုပြုထား သည့် ဟိုတယ်အမျိုးအစား၊ အပြီးသတ်တည်ဆောက်မည့်အချိန်ကာလ၊ မူလလုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းအခြေအနေ၊ နောက်ပိုင်းတာဝန်ယူ လုပ်ကိုင်နိုင်မည့်အနေအထား စသည့်အချက်အလက်များကို ဘက်ပေါင်း စုံမှကြည့်၍ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၄င်းကပြောသည်။
ယခုတင်ဒါခေါ်ထားသည့် အဆောက်အအုံများသည် ဝန်ကြီးဌာန များ၏ ရုံးဟောင်းများဖြစ်သည့်အတွက် ဟိုတယ်ဆောက်လုပ်ခွင့်ရရှိပါက လုပ်ငန်းရှင်များ အနေဖြင့် ၄င်းတို့လုပ်ကိုင်ခွင့်ရရှိသည့် အဆောက်အအုံ နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် မြေငှားရမ်းခွင့်အပါအဝင် အခြား သက်ဆိုင်သည့် အချက်အလက်များကို ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရ သည်။
ရန်ကုန်မြို့အတွင်းဟိုတယ်၊တည်းခိုခန်း၊ဧည့်ဂေဟာအရေအတွက် ပေါင်း၁၉၃ခုရှိကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )