အာဆင်နယ် အသင်းသည် ပိုမိုအင်အား တောင့်တင်းလာသည့် အတွက် လာမည့် ရာသီတွင် ဆုဖလားများကို စိန်ခေါ် လာနိုင်မည် ဖြစ်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။
အာဆင်နယ်ကို ကာလရှည်ကြာ ဦးဆောင်လာသည့် ပြင်သစ်သား မန်နေဂျာကြီးက လက်ရှိ အာဆင်နယ်၏ အနေအထားသည် ကစားသမားများ ဒဏ်ရာ ကင်းစင်နေပါက အောင်မြင်မှု ဆုဖလားများ အတွက် တိုက်ပွဲဝင်နိုင်မည့် အခြေအနေတွင် ရှိနေကြောင်း ယုံကြည်လျှက် ရှိသည်။ အထူးသဖြင့် ဈေးကွက် အတွင်း အာဆင်နယ်၏ ခြေလှမ်းများသည် အားရစရာ ကောင်းခဲ့သည့် အတွက် အသက်(၆၂)နှစ်အရွယ် မန်နေဂျာကြီးက လက်ရှိရာသီအား အထူးတလည် မျှော်လင့်နေခြင်းလည်း ဖြစ်သည်။ ဝင်းဂါးသည် ယခုနွေရာသီတွင် လူးကက်စ် ပိုဒေါ့စကီး၊ အိုလီဗီရာ ဂီရော့ဒ်နှင့် ဆန်တီ ကာဇိုလာတို့အား ဝယ်ယူထားပြီး ဖြစ်သည်။
အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီသည် အမ်းမရိတ်စ်ကို စွန့်ခွာဖွယ် ရှိနေသည့်တိုင် ဝင်းဂါးကမူ အာဆင်နယ်၏ အနာဂတ်ကို အကောင်းမြင် မျှော်လင့်နေသည်။ "ကျွန်တော်တို့ရဲ့ လက်ရှိ ရပ်တည်ချက်ဟာ ပိုပြီး အားကောင်း ခိုင်မာ လာပါတယ်။ မနှစ်က ကျွန်တော်တို့ဟာ ဆမ်မီ နာဆရီနဲ့ ဆက်စ်ဖာဘရီဂက်စ်တို့ကို ဆုံးရှုံးခဲ့ရသလို ဂျက်ဝီလ်ရှိုင်းယားနဲ့ အဘူဒီယာဘီတို့လည်း မပါဝင်နိုင်တာကြောင့် ရာသီ အစကတည်းက ထိပ်တန်း ကစားသမား (၄)ယောက် မပါနိုင်တဲ့ သဘောမျိုး ဖြစ်သွားတာပါ" ဟု ဝင်းဂါးက ဆိုသည်။
ရာသီ အကုန်မှာ ကျွန်တော်တို့ ရပ်တည်မှု ကောင်းနိုင်သမျှ ကောင်းဖို့ ကြိုးစားပါမယ်။ ဒါပေမဲ့ တကယ်တမ်းက ကျွန်တော်တို့ဟာ ချန်ပီယံ ဆုအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ် ထားပါတယ်...
၎င်းက "ခုချိန်မှာတော့ ကျွန်တော်တို့ဟာ ပိုပြီး တောင့်တင်း လာပါပြီ။ အာဆင်နယ်ရဲ့ ပထမ ပစ်မှတ်က တစ်ပွဲချင်းစီမှာ အာရုံစိုက် ကစားပြီး ရလဒ်ကောင်းဖို့ပါ။ ရာသီ အကုန်မှာ ကျွန်တော်တို့ ရပ်တည်မှု ကောင်းနိုင်သမျှ ကောင်းဖို့ ကြိုးစားပါမယ်။ ဒါပေမဲ့ တကယ်တမ်းက ကျွန်တော်တို့ဟာ ချန်ပီယံ ဆုအတွက် တိုက်ပွဲဝင်ဖို့ ရည်ရွယ် ထားပါတယ်" ဟုလည်း ပြောကြားသွားသည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com