22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

ဝက်ဘ်ဆိုက်များတွင် တက္ကသိုလ်အတုအယောင် ရှိနေသည့်အတွက် အွန်လိုင်းမှတစ်ဆင့် ကျောင်းလျှောက်ထားသူများ သတိရှိရန်လို

အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော တက္ကသိုလ် အတုအယောင်များ ရှိနေသည့် အတွက် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ အွန်လိုင်းမှ ကျောင်းလျှောက်ရာတွင် အထူးသတိ ထားကြရန် လိုအပ်လာ
ကြောင်း သိရသည်။


အွန်လိုင်းပေါ်မှ Glastonbury University အမည်ဖြင့် လွှင့်တင်ထားသော ဝက်ဘ်ဆိုက် တစ်ခုကို ဖယ်ရှားပစ် ခဲ့ရသော ဖြစ်စဉ်တစ်ခု အင်္ဂလန် နိုင်ငံတွင် ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန် လူဝင်မှုကြီးကြပ်ရေး UKBA မှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ Crown Education မှ သိရသည်။


ပစိဖိတ် အနောက်ဘက် ကမ်းခြေဒေသ တွင်ရှိသော နိုင်ငံမှ ကျောင်းလျှောက် ထားမည့် ကျောင်းသားများကို ပစ်မှတ်ထား ဟန်ရှိသည့် အဆိုပါ ဝက်ဘ်ဆိုက် လွှင့်တင် ထားသော တက္ကသိုလ် အတုကို ကျောင်းသား တစ်ယောက်မှ Glastonbury University ဘွဲ့အတွက် ကျောင်းလျှောက် ထားလိုကြောင်း လျှောက်လွှာ လက်ခံရ ရှိခဲ့သည့် လန်ဒန်တက္က သိုလ်တစ်ခုမှ အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။



“အခုလို နည်းပညာ အရမ်း တိုးတက်လာ တဲ့အချိန်မှာ ဒီလို အဖြစ်အပျက် မျိုးတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေ သတိထားဖို့ လိုပါတယ်။ အင်တာနက် ဝက်ဘ်ဆိုက် တွေကိုပဲ အားကိုး ပြန်ရင်လဲ အခုလို အဖြစ်အပျက် မျိုးတွေနဲ့ တွေ့ကြုံရ နိုင်ပါတယ်။


အတွေ့ အကြုံရှိပြီး ကျွမ်းကျင်တဲ့ ပညာရေး အတိုင် ပင်ခံတွေ ဆီမှာ မေးမြန်းပြီး အကြံဥာဏ် ရယူစေချင်ပါတယ်” ဟု ဦးအောင်ကျော်ဆန်းက ပြောသည်။ FaceBook တွင် http://www.facebook.com/pages/Glastonbury-University/120587314663947 ဟု ဖော်ပြထားကြောင်း သိရသည်။


Som-erset Council တာဝန်ရှိသူများမှ ယင်းဆိုက်၏ ဒိုမိန်းကို စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ခဲ့ပြီး မက်ထရို ပိုလီတန် ရဲအရာရှိ များက ၎င်းဝက်ဘ် ဆိုက်ကို ဖယ်ရှား ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


နိုင်ငံရပ်ခြားရှိ ကုမ္ပဏီတချိုနှင့် Florida FBI တို့ကပါ ပါဝင်စုံစမ်း စစ်ဆေး ပေးခဲ့ရပြီး ဖော်ပြပါ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသော အဆောက်အ အုံ၏ပုံမှာ University of Leicester မှ ပိုင်ဆိုင်သော စာကြည့်တိုက်၏ ပုံဖြစ်ပြီး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော လိပ်စာမှာလည်း မြို့လယ်ရှိ အခန်းလွတ် ရုံးခန်း တစ်ခန်း ဖြစ်နေကြောင်း သိရသည်။


“အွန်လိုင်းပေါ်မှာ၊ ဖေ့စ်ဘွတ်ခ်မှာလဲ လွှင့်ချင်တာတွေ၊ တင်ချင် တာတွေ အကုန်လုံး လုပ်လို့ ရနေတော့ ဒီလိုအဖြစ် အပျက်မျိုး ဖြစ်ဖို့ဆိုတာ တော်တော် လွယ်ကူပါတယ်။


နည်းပညာ တိုးတက် လာတာနဲ့အမျှ ကောလာဟလ သတင်း တွေဆိုတာ တော်တော် ပျံ့နှံ့ လွယ်ပါတယ်။ ဒါကြောင့် လူငယ်တွေ သတိထား စေချင်ပါတယ်။


အွန်လိုင်းကိုလဲ အကျိုးရှိရှိ အသုံးချ တတ်ဖို့လို သလို ကိုယ်တိုင်ကလဲ နည်းပေးလမ်းပြ မဖြစ်အောင် သတိထားရပါမယ်” ဟု ကွန်ပျူတာ ကျွမ်းကျင်သူ နည်းပညာ ရှင်တစ်ဦးက ပြောကြား ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )