မိမိနှင့် ရီယိုဖာဒီနန်တို့ နှစ်ဦး၏ ခံစစ်ကြောင်းသည် ပရီးမီးယားလိဂ်၏ ထိုးဖောက်ရန် အခက်ခဲဆုံး အုတ်တံတိုင်း တစ်ခု ပြန်ဖြစ်လာလိမ့်မည်ဟု နီမန်ဂျာဗီဒစ်က မှတ်ချက်ပြုခဲ့သည်။
ဗီဒစ်နှင့် ဖာဒီနန်တို့သည် ပရီးမီးယားလိဂ်တွင် နားလည်မှု အမြင့်မားဆုံးနှင့် အကျစ်လစ်ဆုံး ဗဟိုခံစစ် အတွဲအဖြစ် ရပ်တည် ခဲ့သော်လည်း ယမန်နှစ် ဘောလုံး ရာသီကမူ ဗီဒစ်၏ ဒဏ်ရာ ပြဿနာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် နှစ်ဦးပေါင်းပြီး တွဲကစား ရချိန် ရှားပါးခဲ့သည်။ လက်ရှိတွင်မူ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝ ကောင်းမွန်လာသည့် ဆာဘီးယားသား ဗီဒစ်သည် ရာသီသစ်တွင် ဖာဒီနန်နှင့် လက်တွဲကစားရန် တက်ကြွလျှက်ရှိသည်။ မန်ယူ ပရိသတ် အများစုသည် ၎င်းတို့၏ အားထားရသော အသင်းခေါင်းဆောင်ကို (၅)လတာ ဆုံးရှုံးရခြင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို လက်လွှတ် ရခြင်း၏ အဓိက အကြောင်းတရား တစ်ခုအဖြစ် ယူဆလျှက် ရှိသည်။
အသက်(၃၀)အရွယ် ဗီဒစ်က "ကျွန်တော်နဲ့ ဖာဒီနန်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံအတွဲဆိုတာ လုံးဝ သံသယ မရှိပါဘူး။ ဒါကို လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက သက်သေ ပြခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်တော့် ဆန္ဒက အဲဒီတုန်းကလို အဆင့်မျိုး ပြန်ဖြစ်လာစေဖို့ပါပဲ။ လူတွေကတော့ သူတို့ လိုချင်တဲ့ ရှုထောင့်ကနေ တွေးမှာပါ။ ဒါပေမဲ့ ညီညီမျှမျှ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ နှစ်ယောက် တွဲကစားမှုထက် ပိုကောင်းအောင် ကစားဖို့က အားလုံးအတွက် ခက်ခဲမှာပါ" ဟု ပြောကြားခဲ့သည်။
ကျွန်တော်နဲ့ ဖာဒီနန်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံအတွဲဆိုတာ လုံးဝ သံသယ မရှိပါဘူး။ ဒါကို လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက သက်သေ ပြခဲ့ပြီးပါပြီ။ ခုချိန်မှာ ကျွန်တော့် ဆန္ဒက အဲဒီတုန်းကလို အဆင့်မျိုး ပြန်ဖြစ်လာစေဖို့ပါပဲ...
၎င်းက ဒဏ်ရာ ပျောက်ကင်းမှု အခြေအနေနှင့် ပတ်သက်ပြီး "ကျွန်တော့်ဒူးက ခုဆိုရင် အကောင်းဆုံး အခြေအနေ ပြန်ရောက်နေပါပြီ။ ဒီရာသီမှာ ကျွန်တော့်အတွက် တစ်ခုတည်းသော စိန်ခေါ်မှုက ဒဏ်ရာထပ်မရအောင် ရှောင်လွှဲနိုင်ဖို့ပါ။ ခုချိန်မှာ ကျွန်တော် ရာခိုင်နှုန်းပြည့် အကောင်းဆုံးတော့ မဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အရမ်းကြိုးစားနေသလို ကွင်းထဲမှာ ကစားနေတဲ့ မိနစ်တိုင်း ပိုပိုပြီး ကောင်းမွန်လာပါတယ်။ ပြီးတော့ မန်နေဂျာရဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုကလည်း အဓိက ကျတဲ့ အကြောင်းတရား တစ်ခုပါ" ဟု ပြောဆိုသွားသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com