22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

လီဗာပူးလ် ဒေဝါလီ ခံရလောက်သော ငွေသုံးမှုမျိုး မပြုလုပ်ဟု ရော့ဂျာဆို

မိမိသည် ငွေကို ရေလိုသုံးပြီး လီဗာပူးလ်ကို ဒေဝါလီ ခံရအောင် ပြုလုပ်မည့် မန်နေဂျာ မဟုတ်ကြောင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။


စကော့တလန်၏ ထိပ်တန်းကလပ် ဂလက်စဂိုရိန်းဂျားစ်သည် မထင်မှတ်ဘဲ ဒေဝါလီ ခံလိုက် ရခြင်းကို အကြောင်းပြုပြီး မြောက်အိုင်ယာလန်သား မန်နေဂျာက မိမိသည် ကစားသမား သစ်များ ခေါ်ယူရာတွင် လောင်းကြေးဆန်ဆန် ငွေသုံးခြင်းကို လုံးဝ မလုပ်လိုကြောင်း ပြောဆိုခဲ့သည်။ လက်ရှိတွင် ရော့ဂျာသည် ဖေဘီယို ဘော်ရီနီနှင့် ဂျိုးအလန်တို့ နှစ်ဦးကိုသာ ပေါင်စတာလင် (၂၆)သန်း အကုန် အကျခံ ခေါ်ယူ ထားသေးသည်။ ထို့အပြင် အသင်းတွင် လုပ်ခလစာ မြင့်မားသော အယ်လ်ဘာတို အကွီလာနီ ကဲ့သို့ ကစားသမားများကိုလည်း ရှင်းထုတ်ခဲ့သည်။
ငွေကြေးအလွန်အကျွံ သုံးစွဲမှာ မဟုတ်သည့် ရော့ဂျာ

ရော့ဂျာသည် ယမန်နှစ် ဘောလုံး ရာသီက ဆွမ်ဆီးကို ကိုင်တွယ်စဉ် အငှားလာ ကစားပေးပြီး ခြေစွမ်းပြခဲ့သူ ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်ကို ကမ်းလှမ်း ခဲ့သော်လည်း ကစားသမား၏ မြင့်မားသော လုပ်ခလစာ တောင်းဆိုမှုကို ခေါင်းခါခဲ့သည်။ ထို့ကြောင့် ဆီဂါ့ဒ်ဆန်သည် တော့တင်ဟမ် ဟော့စပါးသို့သာ ပြောင်းရွှေ့သွားခဲ့သည်။ ငွေသုံးစွဲမှုကို စီစီစစ်စစ် လုပ်ဆောင်နေသော ရော့ဂျာက "ကိုယ့်အသင်းဟာ ဘဏ္ဍာရေးအရ ပြိုလဲသွားတာမျိုး ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ လူတွေက ထင်ကြတယ်။ ဒါပေမဲ့ ရိန်းဂျားစ်လို အသင်းမျိုး ဘာဖြစ်သွားမယ်လို့ ဘယ်သူတွေ တွေးမိကြသလဲ။ တကယ်လို့ လက်ရှိ ကလပ်တချို့က ပေးချေနေတဲ့ လုပ်ခ လစာမျိုးနဲ့ ရှေ့ဆက်နေကြမယ်ဆိုရင် တခြားကလပ်တွေမှာလည်း ဒီလို တောင်းဆိုမှုတွေ ရှိလာဦးမှာပဲ" ဟု ပြောကြားခဲ့သည်။

"ပရော်ဖက်ရှင်နယ်နဲ့ လူမှုရေး ဘဝမှာ တန်ဖိုးတစ်ခုစီ ပိုင်ဆိုင်ဖို့ ကျွန်တော် လိုလားပါတယ်။ ဒါဟာ ကျွန်တော့် စိတ်နေသဘောထား သဘာဝဖြစ်ပြီး ဒီလိုနဲ့ ကျွန်တော် ကြီးပြင်းလာတာပါ။ အသင်းအတွက် ငွေကြေး အကျပ်အတည်း ဆိုက်သွားမယ့် ကိစ္စမျိုး ကျွန်တော် မလုပ်ပါဘူး။ ထိုက်တန်တာထက် ပိုတဲ့ ပြောင်းရွှေ့ကြေးမျိုး၊ လုပ်ခလစာမျိုး ကျွန်တော် လုံးဝ ပေးချေနေမှာ မဟုတ်ပါဘူး။ တကယ်တော့ ကစားသမားတစ်ယောက် ကိုယ့်ဆီလာပြီး ကစားချင်တယ်။ ကိုယ့်အတွက် ကိုယ်စားပြုပေးချင်တယ် ဆိုတာက သီးခြား ညွှန်ကိန်းတွေနဲ့လည်း ဆိုင်ပါသေးတယ်။ ကျွန်တော်ကတော့ အောင်မြင်မှုကို ဆာလောင်နေတဲ့ ကစားသမားမျိုးတွေကိုပဲ ရွေးချယ်ပါတယ်။ သူတို့ဟာလည်း ထိုက်သင့် ကောင်းမွန်တဲ့ လုပ်ခကို ခံစားခွင့် ရှိပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်အလိုက် တန်ဖိုးထားမှုကို ရပါလိမ့်မယ်။ ကျွန်တော် ဒီခံယူချက်နဲ့ပဲ အလုပ်လုပ်ပါတယ်" ဟုလည်း ရော့ဂျာက ဆိုသည်။

အသင်းအတွက် ငွေကြေး အကျပ်အတည်း ဆိုက်သွားမယ့် ကိစ္စမျိုး ကျွန်တော် မလုပ်ပါဘူး။ ထိုက်တန်တာထက် ပိုတဲ့ ပြောင်းရွှေ့ကြေးမျိုး၊ လုပ်ခလစာမျိုး ကျွန်တော် လုံးဝ ပေးချေနေမှာ မဟုတ်ပါဘူး...
၎င်းက "ထိပ်တန်း ကစားသမားတွေအတွက် မြင့်မားတဲ့ လုပ်ခလစာမျိုးတော့ ခံစားခွင့် ရှိပါတယ်။ တကယ်လို့ ကစားသမား တစ်ယောက်က ဒီလုပ်ခလစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ရှိမယ်ဆိုရင် ဒါကိုပေးဖို့ ကျွန်တော်တို့မှာ ပြဿနာ မရှိပါဘူး။ ကစားသမား တစ်ယောက်ရဲ့ တန်ဖိုးကို နားလည်နေရင် အသင်းဘက်ကလည်း ကိုယ်တတ်နိုင်တဲ့ အမြင့်ဆုံး အခြေအနေကို ပေးချင်တာ မဆန်းဘူး မဟုတ်လား"ဟုလည်း မှတ်ချက်ပြု သွားခဲ့သည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )