22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

ချယ်လ်ဆီးသည် မိမိအတွက် (၁)နှစ်တာ အချိန်ကို စတေးစေခဲ့ဟု လူကာကူ ဝေဖန်

မိမိ အနေဖြင့် ချယ်လ်ဆီးတွင် ဖြတ်သန်း ကုန်လွန်ခဲ့သော (၁)နှစ်တာကို စိတ်ပျက်ဖွယ်ရာ စတေး ခဲ့ရကြောင်း ရိုမီလူ လူကာကူက ဝေဖန် ပြောကြားလိုက်သည်။


အသက်(၁၉)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးသည် ယမန်နှစ် နွေရာသီက အန်းဒါးလက်ခ်ျမှ ပြောင်းရွှေ့လာခဲ့သည့်နောက် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် အရောင်တောက်ခွင့် မရခဲ့ဘဲ အရန်ခုံတွင်သာ အထိုင်များနေခဲ့သည်။ ၎င်းသည် ယခုနွေရာသီတွင်မူ ဝက်စ်ဘရွန်းဝစ်ခ်ျသို့ အငှားပြောင်းရွှေ့ခဲ့ပြီးနောက် မိခင်ကလပ်အား ပြစ်တင်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လူကာကူက "ကျွန်တော် ချယ်လ်ဆီးမှာ ဆက်နေလို့ ရမယ်လို့ အကြောင်းမမြင်တော့ဘူး။ ကျွန်တော့် ကစားသမား ဘဝရဲ့ အချိန်(၁)နှစ်ကို စတေး လိုက်ရတယ်။ နောက်ထပ် အဲဒီလို ကာလတစ်ခု ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူးလေ" ဟု ဆိုသည်။
ချယ်လ်ဆီးတွင် အချိန်စတေးခဲ့မိသည်ဟု ဝေဖန်လိုက်သည့် လူကာလူ

၎င်းက "ကျွန်တော် အဖြေတစ်ခု ရှာတွေ့ခဲ့တဲ့အတွက် စိတ်သက်သာရာတော့ ရမိပါတယ်။ ရာသီကြို လေ့ကျင့်ခန်းတွေ စလုပ်တဲ့ ပထမဆုံး နေ့မှာတင် ကျွန်တော် အသင်းကနေ ထွက်ချင်ပါတယ်လို့ မန်နေဂျာကို ပြောခဲ့တယ်။ ရောဘတ်တို ဒီမက်တီယိုက ချယ်လ်ဆီးမှာ ရာသီသစ်အတွက် တိုက်စစ်မှူး အများကြီး မရှိတဲ့ အတွက် ပြန်စဉ်းစားဖို့ ပြောပါတယ်။ ဒါပေမဲ့ ခုချိန်မှာက ကျွန်တော့်အတွက် ကျွန်တော် စဉ်းစားဖို့ လိုနေပါပြီ။ သူများတွေ ပွဲကစားတာကို အရန်ခုံက ထိုင်ကြည့် နေရတာဟာ နာကျင်စရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် (၁၂)ပွဲပဲ ကစားရတယ်။ ကိုယ်က ကောင်းကောင်း ကစား နေချိန်မှာလည်း အခွင့်အရေး မရခဲ့ဘူး။ ဒီတော့ ပွဲတွေအပေါ်မှာ ဆာလောင်စိတ်ပါ ကျွန်တော့်မှာ ပျောက်ဆုံး သွားခဲ့တယ်။ ကျွန်တော့် အချိန်တွေကို ဖြုန်းတီး ပစ်သလို ဖြစ်ခဲ့ပါပြီ။ ခုတော့ ဝက်စ်ဘရွန်းကို ပြောင်းရတာ ပျော်ပါတယ်။ ကျွန်တော့် အတွက်တော့ လွတ်မြောက်မှုတစ်ခုကို ရသွားသလို ခံစားမိပါတယ်" ဟု ပြောကြား သွားခဲ့သည်။
ကျွန်တော် ချယ်လ်ဆီးမှာ ဆက်နေလို့ ရမယ်လို့ အကြောင်းမမြင်တော့ဘူး။ ကျွန်တော့် ကစားသမား ဘဝရဲ့ အချိန်(၁)နှစ်ကို စတေး လိုက်ရတယ်။ နောက်ထပ် အဲဒီလို ကာလတစ်ခု ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူးလေ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )