22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 15, 2012

ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းခြင်းဖြင့် ဗန်ပါစီအား ရရှိရန် မန်ယူ ပိုမိုနီးစပ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် ရော်ဘင် ဗန်ပါစီ အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းရန် စီစဉ်နေသည့်နောက် အဆိုပါ အပြောင်းအရွှေ့သည် လက်တွေ့ ဖြစ်ပေါ်လာရန် နီးစပ်နေကြောင်း သိရှိရသည်။
မန်ယူသည် ခါးသီးသော ပြိုင်ဆိုင်မှုများ ရှိခဲ့သည့် အာဆင်နယ် အသင်း၏ အသင်းခေါင်းဆောင်အား ကမ်းလှမ်းထားသော်လည်း ပေါင်စတာလင် (၁၅)သန်းထက် ဈေးပိုမပေးခဲ့ချေ။ ယခင်ကတည်းက မန်ယူထံသို့ ကစားသမားများ ရောင်းချရန် ဆန္ဒမရှိသော အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ယင်းဈေးနှုန်းကို လက်မခံခဲ့ချေ။ ယခုအခါတွင်မူ မန်ယူက ဗန်ပါစီအတွက် အာဆင်နယ်က အလိုရှိနေသည့်အတိုင်း ပေါင်စတာလင် သန်း(၂၀)ထိ ဈေးတိုးပေးရန် ပြင်ဆင်လာခြင်းကြောင့် အောင်မြင်မှု ရရှိရန် နီးစပ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။



မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ကွင်းလယ်အတွက် ရှင်ဂျီကာဂါဝါနှင့် နစ်ခ်ပါဝဲလ်တို့ နှစ်ဦးအား ခေါ်ယူထားပြီးနောက် တိုက်စစ်ပိုင်းကို မွမ်းမံရန် အာရုံစိုက် ပြင်ဆင်လာခဲ့သည်။ မန်ယူသည် ဗန်ပါစီ မတိုင်မီ လူငယ် တိုက်စစ်မှူး အန်ဂျလို ဟန်ရီကက်ဇ်ကိုလည်း ပေါင်စတာလင် (၄)သန်းဖြင့် ခေါ်ယူနိုင်ခဲ့သေးသည်။ အသက်(၁၈)နှစ်ရှိ ဟန်ရီကက်ဇ်သည် မန်ယူတွင် ဆေးစစ်မှု အောင်မြင်ပြီးသည့်နောက် ယူနီဗာဆီဒက်မှ အင်္ဂလန်ကလပ်သို့ ပြောင်းရွှေ့လာရန်အတွက် အလုပ်လုပ်ခွင့် ပါမစ်ကိစ္စသာ အဆင်ပြေရန် ကျန်ရှိနေတော့သည်။

မန်ယူက ဗန်ပါစီအတွက် အာဆင်နယ်က အလိုရှိနေသည့်အတိုင်း ပေါင်စတာလင် သန်း(၂၀)ထိ ဈေးတိုးပေးရန် ပြင်ဆင်လာခြင်းကြောင့် အောင်မြင်မှု ရရှိရန် နီးစပ်နေ...
အခြားသော သတင်းများ အရ မန်ယူ အသင်းမှ ကွင်းလယ် ကစားသမား ဒါရင်ဖလက်ချာသည် အဖျားဝေဒနာကြောင့် ကာလရှည်ကြာ အနားယူနေရာမှ ယခုအခါ အသင်းအတွက် ပြန်ကစားပေးနိုင်ပြီဟု သိရှိရသည်။ မန်ယူအသင်းက အဘာဒင်းအား (၂-၁)ဖြင့် အရေးနိမ့်သော ခြေစမ်းပွဲတွင် အသက်(၂၈)နှစ်ရှိ စကော့တလန် အသင်းခေါင်းဆောင်ဟောင်းသည် (၅၉)မိနစ်တွင် လူစားဝင် ကစားသွားခဲ့သည်။ ယင်းသည် ဖလက်ချာအတွက် (၉)လအတွင်း ပထမဆုံးအကြိမ် အသင်း အတွက် ပြန်ကစားနိုင်ခြင်းလည်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )