22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

ရန်ကုန် ဗိုလ်ချုပ် အောင်ဆန်းဈေးအနီး နိုင်ငံတကာ ကုန်တိုက် ဖွင့်လှစ်မည်

ရန်ကုန်မြို့ ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည့် ကိုလိုနီ ခေတ်လက်ရာများဖြင့် ဆောက်လုပ်ထားသော ဗိုလ်ချုပ် အောင်ဆန်းဈေးအနီးတွင် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသည့် ကုန်တိုက်ကြီး တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုန်တိုက်သည် မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ကုန်တိုက်ပေါင်း ၅၄ ခု ဖွင့်လှစ်ထားပြီး အရှေ့ တောင်အာရှ အခြေစိုက် Parkson Retail Asia Limited ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံ ဗိုလ်ချုပ်ဈေး အနီးရှိ FMI Center တွင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး သိရသည်။

အဆိုပါ Parkson ကုန်တိုက်ကို ၂၀၁၃ ခုနှစ် မတ်လပိုင်း၌ ရန်ကုန်မြို့ ရှိ FMI Center တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ယင်းကုန်တိုက် ဖွင့်လှစ်ရန်အတွက် Yoma Strategic Holding Co., Ltd. ၊ Parkson retail Asia Limited ၊ Parkson Myanmar နှင့် FMI Co.Ltd. တို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုပြီး ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။


ယင်း ကုန်တိုက်ကို Parkson Myanmar မှ ၇၀ ရာခိုင်နှုန်း၊ Yoma Strategic Holdings နှင့် FMI ကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။
 
 
The voice weekly 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )