ပုဂ္ဂလိက အခြေခံ ပညာကျောင်း ၅၇ ခုကို ပုဂ္ဂလိက စာသင်ကျောင်း အဖြစ် ဖွင့်လှစ် ခွင့်ပြုနိုင်ရန် စိစစ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ “အသစ်ထပ်တင်ပြလာတဲ့ ကျောင်းတွေကိုစည်းကမ်းသတ်မှတ်ချက်နှင့် ညီ၊ မညီစစ်ဆေးနေတယ်။ တချို့ကျောင်းတွေက မြေနေရာအခက်အခဲဖြစ်နေကြတယ်။ ပုဂ္ဂလိက ကျောင်းဆိုပြီး အိမ်တစ်အိမ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့တော့ သင်လို့မရဘူး”ဟုအထက်ပါ ဌာနမှ ဝန်ကြီးဒေါက်တာမြင့်သိန်းက ပြောသည်။
ပညာရေးစနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲရေး မလုပ်သေးဘဲ အစိုးရကျောင်းများ၏ လုပ်နည်း လုပ်ဟန်တာဝန်များကို ပုဂ္ဂလိက ကျောင်းများသို့ ခွဲဝေပေးသည့် သဘောသာဖြစ်သောကြောင့် သိသိ သာသာပြောင်းလဲမှုမရှိနိုင်ကြောင်း ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးဖြစ်သူ ဒေါက်တာဘိုင်အိုက သုံးသပ် ပြောဆိုသည်။ “ပုဂ္ဂလိက ကျောင်းတွေကလည်း ကျောင်းသားဆီက ပိုက်ဆံယူထားတဲ့အတွက် မအောင်မရှိလုပ်ပေး တော့မှာ။ အစိုးရကျောင်းက သတ်မှတ်ပေးထားတဲ့ စနစ်အတိုင်း ဒီအချိန်စာမေးပွဲစစ်၊ ဒီဟာသင်ဆိုပြီး ခိုင်းတာ အကုန်လုပ်ရတာ၊ ကိုယ်မူနဲ့ ကိုယ့်ကျောင်းနဲ့ သွားလို့မရသေးဘူး”ဟု ၄င်းကဆိုသည်။
ပုဂ္ဂလိက စာသင်ကျောင်းများ၏ ပညာသင်စရိတ်မှာ ကျောင်းအမျိုးအစားပေါ် မူတည်၍ အဘယ် တန်းအတွက် ကျပ် ၃၀ဝ၀ဝမှ ၇၀ဝ၀ဝ၊ အထက်တန်းအတွက် ကျပ် ၅၀ဝ၀ဝ မှ ၁၀ဝ၀ဝ ကြားရှိ ကြောင်း ပုဂ္ဂလိကပညာရေးအသိုင်း အဝိုင်းမှ သိရသည်။ ယခင်နှစ်က စမ်းသပ်ဖွင့်လှစ်ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်း ၁၀ ခုဖြစ်သည့် ACA, EC, M3 မဟာမြကျွန်းသာ၊ ဂုဏ်ထူး ဦးသိန်းနိုင်၊ ရွှေပင်ရွှေထီး၊ ဦးသန်းစိန်၊ အားမာန်၊ ပညာ့နန်းတော်နှင့် ဇင် ယော်သင်တန်းကျောင်းတို့ကို ဖွင့်လှစ်ခွင့်ပြုလိုက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြ ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ထက်နိုင်ဇော်
6:26 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com