22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ပြည်ပတွင်သေဒဏ် ကျခံရသူတစ်ဦးနှုင့် မြန်မာနှိုင်ငံ အကျဉ်းသားများ သမ္မတထံ အသနားခံ တောင်းစာ (ပေးစာ)

အကြောင်းအရာ ။ ။ပြည်ပရောက် မြန်မာ
နိုင်ငံ အကျဉ်းသား/သူများအား ပြည်တော်
ပြန်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးပါ
ရန်မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်
အသနားခံခြင်း။



အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မောင်ထွန်းဟိန်း မှ လူကြီးမင်း

ဆီသို့ စာရေးသားပြီး အကူအညီတောင်း၊ အသနားခံလိုက်ရပါသည်။

ကျွန်တော်သည် သင်းပေါင်းခြံကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်တွင်နေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါသည်။


ကျွန်တော်သည် မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ်ကျခံနေရပြီး နွန်ထဘူရီမြို့၏ ဘန်းကွင် ထောင်ထဲတွင် နေထိုင်လာခဲ့သည်မှာ (၁၁)နှစ်ရှိခဲ့ပြီဖြစ်ပါသည်။


ကျွန်တော်နှင့်ထပ်တူ ဤထောင်ထဲတွင် မြန်မာနိုင်ငံ အကျဉ်းသား (၃၀ဝ)ခန့်ရှိပြီး ထိုင်းတစ်နိုင်ငံလုံးဆိုပါက ပြစ်ဒဏ်(၁)နှစ်မှ သေဒဏ်ထိဆိုလျှင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံ အကျဉ်းသား/သူ တစ်သောင်းဝန်းကျင်ရှိပါသည်။


တိုင်းတစ်ပါးတွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ဒဏ်ကျ ဒုက္ခရောက်နေကျသော ကျွန်တော်/ကျွန်မတို့၏ အနာဂတ် ဘဝကံကြမ္မာကို ကျွန်တော်/ကျွန်မတို့၏ မိဘဟုယူဆရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရကသာ ဥပဒေနည်းလမ်းအရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ဟုလည်း ယုံကြည်စွာဖြင့် အားကိုမိပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀ဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၀၌ ဖေါ်ပြထား

ရာတွင် (နိုင်ငံခြားတိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကိုတောင်းခံခွင့်ရှိသည်)ဟု နိုင်ငံသားများ၏ မူလအခွင့်အရေများကို စေတနာ မေတ္တာကြီးစွာဖြင့် ဖွင့်ဆိုထားပါ၍ အလွန်တရာမှ အားရကျေနပ်မှု ဖြစ်ရပါသည်။

ကျွန်တော်တို့ လေ့လာသိရှိရသလောက်မှာ မြန်မာနိုင်ငံ ထောင်အသီးသီး၌ တရားမဝင်ငါးခိုးဖမ်းမှု၊ သစ်ခိုးထုတ်မှုဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံအကျဉ်းသားများကို အမှုစီရင်ချက်ချပြီး ပြီးစီးသွားပါက ထိုင်းအစိုးရအဆက်ဆက်က ထိုင်းဘုရင်မွေးနေ့၊


ဘုရင်မမွေးနေ့တို့တွင် အထိမ်းအမှတ်အဖြစ်တောင်းဆိုခဲ့သမျှတို့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အဖွဲ့ အစိုးရ၊


နိုင်ငံတော်အေးချမ်းသားယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့လက်ထက်တွင် အိမ်နီးချင်း

မိတ်ဆွေကောင်း ပီသစွာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံခိုင်မြဲရေးကို အဓိကထား၍ အကျဉ်းသားလဲလှယ်ရေးစာချုပ်ျွှနဗွှ့ ချုပ်ဆိုထားမှုမရှိသော်လည်း အမြော်အမြင်ကြီးစွာ အမြဲတမ်း ပြန်လည်လွဲအပ်ပေးခဲ့ဖူးပါသည်။

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်က ထိုင်းနိုင်ငံထောင်အသီးသီးတွင် အကြောင်း

အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား/သူများကို ၄င်းအစိုးရလက်ထက်တွင် ပြည်တော်ပြန်လာနိုင်ရေးအတွက် တစ်ကြိမ်တစ်ခါမှ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါ။

ထိုင်းနိုင်ငံအကျဉ်းသားလဲလှယ်ရေးစာချုပ် ချုပ်ဆိုထားသော ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊

ကနေဒါ၊ ဩစတီးရီးယားနှင့် အာရှနိုင်ငံအချို့သည် ထိုင်နိုင်ငံထောင်အတွင်းမှ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းဒဏ်ကျ အကျဉ်းသားများကို အမှု့ပြီးစီးသွားပါက (၈)နှစ်ပြည့်လျှင်
သက်ဆိုင်ရာနိုင်ငံမှ နှစ်စဉ်ခေါ်ယူပြီး၊ တစ်ခြားပြစ်ဒဏ်ကျ နှစ်ကြီးသမားများ
 (ဥပမာ နှစ်၅၀၊ နှစ် ၁၀ဝ စသဖြင့်)ကို တရားရုံးအမှုပြီးစီး သွားပါက (၄)နှစ်နေထိုင်ပြီးလျှင်
သက်ဆိုင်ရာ နိုင်ငံမှနှစ်စဉ်ခေါ်ယူလေ့ရှိပါသည်။


သို့သော်လည်း ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့သည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြ၍ နှစ်ပြည်တစ်ပြည် စာချုပ် ချုပ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းအစိုးရများ၏ နားလည်မှု့အရ အမှု့ပြီးစီးသော အကျဉ်းသားများကို မကြာခဏ လဲလှယ်နေကြပါသည်။


နှစ်ပြည်တစ်ပြည်တစ်ချုမချုပ်ဆိုထား၍လည်းရောက်ရှိလာသော အကျဉ်းသားများသည် သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းပြီးစီးပါက မိသားစုနှင့်အတူတကွ လွတ်လပ်စွာနေထိုင်နိုင်ပါသည်။


ထိုင်းနိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားသော အခြားနိုင်ငံ များမှာကား ခေါ်ယူလာသော အကျဉ်းသားများ သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိသော်လည်း အကျဉ်းထောင် ထဲတွင်ဆက်လက်နေထိုင်ရကာ

တိုင်းဥပဒေက အမှု့ပြီးစီးသွားကြောင်း အတည်ပြုမှသက်ဆိုင်ရာ နိုင်ငံထောင်မှ
လွတ်မြောက်ရပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀ဝ၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၉၆(ဇယား-၁) အခန်း(၂) နိုင်ငံခြားရေးကဏ္ဍ(ဆ)တွင် ဖေါ်ပြထားရာ၌ (ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲအပ်ပေးရေးနှင့်သက်ဆိုင်ရာနိုင်ငံမှတောင်းဆိုရေး)ဟုဖေါ်ပြထားခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် အကျဉ်းကျခံနေကြရသော ကျွန်တော်/ကျွန်မတို့အတွက် နိုင်ငံတော်မှ ဥပဒေအရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများကို ကဏ္ဍအစုံမှအပြည့်အဝပေးထား၍ ရယူခံစားခွင့်ရှိသည်ဟု ယုံကြည်မိပြီးကျွန်တော်/ကျွန်မတို့၏မိဘဟုယူဆသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏



ဒီမိုကရေစီအစိုးရက သာလျှင် ဒုက္ခရောက်နေကြသော ပြည်ပမှ အကျဉ်းသား/သူများဘဝကို အမှောင်မှအလင်းသို့ရောက်ရှိအောင် ပို့ဆောင်နိုင်စွမ်းရှိသည်ဟု မျှော်လင့်ယုံကြည်မိပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၃ခုနှစ်တွင် အရှေ့တောင်အာရှိနိုင်ငံများအားကစား ပွဲတော်ကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ရှိသည်ကတစ်ကြောင်း၊ ၂၀၁၄ခုနှစ်တွင် အရှေ့တောင်

အာရှ နိုင်ငံများ၏ အစည်းအဝေးပွဲတော်ကြီးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ရှိသည်ကတစ်ကြောင်း၊

၂၀၁၅ခုနှစ်တွင် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံများကို ပေါင်းစည်းရန် ရှိသည်ကတစ်ကြောင်းတို့ကြောင့် အထိမ်းအမှတ်အဖြစ်ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား/သူများ ပြန်လာနိုင်ရေးအတွက် စာရေးပြီးအသနာခံလိုက်ရခြင်း ဖြစ်ပါသည်။



ထိုင်းနိုင်ငံထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော မြန်မာများသည် လူမျိုးရေးကွဲပြားမှုဒုက္ခ၊ ဘာသာစကားကွဲပြားမှုဒုက္ခ၊


အတိတ်သမိုင်းဖြစ်ရပ်များကို လက်ကိုင်ထားပြီး ဆက်ဆံခံရမှု၊ စသောဒုက္ခများအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟုအကြောင်းပြပြီး မူးယစ်ဆေးဝါးရောင်းသူရော၊ မူးယစ်ဆေးဝါးရောင်းသူနှင့် အတူတကွနေထိုင်မိခြင်း၊ လမ်းဆုံ၍စကားပြောမိခြင်း၊ အတူတကွသွားလာမိခြင်း၊


ဆက်သွယ်မိခြင်းစသည့် ဆက်နွယ်မှု့များကို အကြောင်းပြုပြီး အပြစ်မဲ့ထောင်ကျခံနေရသူများလည်း ရာပေါင်းများစွာရှိကြပါသည်။



ကျွန်တော်/ကျွန်မတို့သည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတိုင်းတစ်ပါးတွင် မိသားစုများဖြင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်ခံထားရ၍လည်း မိဘကိုလုပ်ကျွေးရမည့် တာဝန်များ၊ သားသမီးတာဝန်များ၊


မိသားစု များကိုပြုစုရမည့်တာဝန်များအပြင် ရပ်ရွာရေးနှင့် တစ်ခြားမည့်သည့် ကိစ္စများကိုလည်း ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိ၍ အမှီခိုခံရသူများရော၊

 ကျွန်တော်/ကျွန်မတို့ပါ စိတ်ဝေဒနာများကို ရင်ဆိုင်ခံစားနေကြရပါသည်။ ကျွန်တော်တို့၏ မလိမ္မာ၍ တစ်ခါတစ်လေမှားခဲ့သောအပြစ်များကို ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ယူဆသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဒီမိုကရေစီအစိုးရမှ သား/သမီးများအပေါ်တွင် ခွင့်လွှတ်နိုင်သော မိဘတို့၏မေတ္တာစိတ်ဖြင့် ခွင့်လွှတ်နားလည်းနိုင်ခြင်းရှိလိမ့်မည်ဟု အြွကင်းမဲ့မျှော်လင့်ယုံကြည် မိပါသည်။


ကျွန်တော်/ကျွန်မတို့၏ မိဘသဖွယ်ဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ အစိုးရသည် အမျှော်အမြင်ကြီးမားပြီး ဗုဒ္ဓဘာသာ၌သက်ဝင်ယုံကြည်မှုရှိသလို ပြည်သူ/ပြည်သာများအပေါ်၌ လည်း သားသမီးကဲ့သို့ မေတ္တာ၊

 ဂရုဏာသဘောရှိ၍လည်း မိလိမ္မာ၍တစ်ကြိမ်မှားခဲ့သော သားသမီးများအပေါ်၌ ခွင့်လွှတ်နိုင်ခြင်း
ရှိသော မိဘများကဲ့သို့ ပြည်တွင်းမှအကျဉ်းကျခံနေကြရသော ပြစ်မှုမျိုးစုံဖြင့် ထောင်ကျသူများ ကိုဒီမိုကရေစီအစိုးရလက်ထက်တွင် အကြိမ်ပေါင်းများစွာလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်များက သက်သေခံလျှက် ရှိနေပြီဖြစ်ပါသည်။


သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် ပြည်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီး တိုင်းပြည်နှင့်တကွ မိသားစုများနှင့်ပါ ဝေးကွာနေရတာ ဒုက္ခဝေဒနာမျိုးစုံကို ခံစားနေကြရသော ကျွန်တော်/ကျွန်မတို့၏ ပြည်တော်ပြန်လာနိုင်ရေးကိစ္စကို လွှတ်တော်ထဲတွင်ဖြစ်စေ၊ နိုင်ငံတော်သမ္မတဆီသို့ ဖြစ်စေ ဥပဒေဘာင်အတွင်းမှ တရားဝင်တင်ပြတောင်းဆိုပေးပါရန် မေတ္တာရပ်ခံ၍ စာရေသားကာ အသနားခံ တင်ပြလိုက်ရပါသည်


ရိုသေလေးစားစွာဖြင့်

မောင်ထွန်းဟိန်း
ထောင်ဝင်အမှတ် (၃၉၃/၄၅)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )