Home Style
ဝိုင်းစုက အိမ်မှာ နေရင် အိမ်နေရင်း ဝမ်းဆက် အင်္ကျီနဲ့ ဘောင်းဘီ ပေါ့ပေါ့ပါးပါး ပုံစံလေးတွေ ဝတ်ဖြစ် တယ်။ တစ်ခါတလေ ကျရင် ဂါဝန် ဝတ်ဖြစ်တယ်။
Shopping Style
Shopping သွားရင် ဂျင်း ဘောင်းဘီနဲ့ တီရှပ်လေးတွေဝတ် ဖြစ်တယ်။ ဂါဝန်လေးလည်းဝတ်ဖြစ် တယ်။ ဘောင်းဘီတိုလေးတွေလည်း ဝတ်ဖြစ်တယ်။Shopping သွား ရင် ဝိုင်းစုက Free Style ပိုကြိုက် တယ်။
Traditional Style
မြန်မာဝတ်စုံကိုတော့ ဝိုင်းစုက မင်္ဂလာဆောင်တို့၊ ဘုန်းကြီးကျောင်း တို့သွားတဲ့အချိန်မှာ ဝတ်ဖြစ်တယ်။ တစ်ခါတလေ ရုပ်ရှင်အစည်းအရုံး ကိုသွားတဲ့အချိန်မှာလည်း ဝတ်ဖြစ် တယ်။ အလှူအတန်းသွားတဲ့အ ချိန်မှာလည်း မြန်မာဝတ်စုံကိုဝတ် ဖြစ်တယ်။ှ
Stage Show Style
ဆိုမယ့်ပွဲပေါ်မူတည်ပြီး ဝတ် ဖြစ်တယ်။ ဒီဇိုင်နာနဲ့အပ်ပြီးချုပ်တာ ရှိသလို၊ ကိုယ်နိုင်ငံခြားသွားရင်း ကြိုက်လို့ဝယ်လာတာမျိုးတွေရှိရင် လည်း ဝတ်ဖြစ်တယ်။ အများဆုံးက တော့ ဒီဇိုင်နာနဲ့တိုင်ပင်ပြီးအပ်ဖြစ် တာများပါတယ်။
Favourite Items
ဝိုင်းစု အကုန်လုံးနီးပါးစုဖြစ် တယ်။ အထူးသဖြင့် မိတ်ကပ်ပစ္စည်း ကိုတော့ တွေ့တိုင်းဝယ်ဖြစ်တယ်။ Fancy လေးတွေ၊ ဖိနပ်လေးတွေ ကိုလည်း ဝိုင်းစုဝယ်ဖြစ်တယ်။
Perfumes
ရေမွှေးကိုတွေ့လို့ ကြိုက်ရင် ဝယ်လိုက်တယ်။ ရေမွှေးအနံ့တစ် မျိုးကုန်ရင် နောက်တစ်မျိုးပြောင်း သုံးဖြစ်တယ်။ တစ်ခါတလေကျရင် အမျိုးအစားတစ်ခုတည်းကို အများ ဆုံး နှစ်ပုလင်း၊ သုံးပုလင်းလောက်ပဲ စွဲသုံးဖြစ်တယ်။ အခုလောလော ဆယ်YSL သုံးဖြစ်တယ်။
Favourite Style
ဝိုင်းစုက အကြိုက်ဆုံးစတိုင်လ် ရယ်လို့မရှိဘူး။ ဂါဝန်ဆိုရင် ဂါဝန် တွေပဲဝတ်တယ်။ ရိုးသွားရင် နောက် တစ်မျိုးပြောင်းဝတ်ဖြစ်တယ်။ ဝိုင်း စုက စတိုင်လ်တစ်မျိုးကို မုန်းအောင် ဝတ်တတ်တယ်။
ဓာတ်ပုံ - ခင်မောင်လတ်(Silver Image)
7:48 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com