22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

FEC ရုတ်သိမ်းမည်ဆိုပါက နှစ်ကုန်အထိ မထားသင့်ဟု လုပ်ငန်းရှင်များအကြံပြု

 နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်
တာစူနေချိန်တွင် ပြည်ပနိုင်ငံများတွင် သုံးစွဲရန်
ခက်ခဲသော FEC များအား တက်နိုင်သမျှ အမြန်ဆုံးရုတ်သိမ်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း

 ပုဂ္ဂလိဘဏ်များနှင့်စီးပွားရေးလုပ်ငန်းရှင်များကက အကြံပြုပြောဆိုကြသည်။
 ''မြန်မြန်သိမ်းလေကောင်းလေပဲ သူတို့က ဘာဖြစ်လို့ နှစ်ကုန်ထိထားရတာလဲ။အရင်က တစ်ဒေါ်လာ ခြောက်ကျပ်ကြောင့်မို့လို့ FEC ကိုကြားခံထားတာ အခု FEC ရဲ့ အခန်းကဏ္ဍ မရှိတော့ဘူး။ ပြည်ပလုပ်ငန်းရှင်တွေကလည်း ဝင်ရောက်လာမယ်ဆိုရင် သူတို့အတွက်လည်း သုံးရတာ အခက်အခဲ ဖြစ်တယ်။
 သူတို့ကိုင်ဆောင်ထားမယ်ဆိုရင်လည်း နိုင်ငံတကာမှာ သုံးလို့ မရဘူးဆိုတော့အခက်အခဲ တွေ ဖြစ်နိုင်တယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က နိုင်ငံတော် ဗဟိုဘဏ်မှ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အကုန်တွင် FEC  ရုတ်သိမ်းမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းအပေါ်တွင် ပြောကြားခဲ့ခြင်းသည်။

 FEC ရုတ်သိမ်းပါက ကာလတန်ကြေးနှင့် ညီမျှသည့် ငွေကြေး (သို့) အမေရိကန်ဒေါ်လာကို ပြန်လည်ပေးအပ်မည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူများက ပြောကြားသည့်အတွက် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအတွက် မည်သို့မျှ ထိခိုက်မှုမရှိနိုင်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
 ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှလည်း အမေရိကန်ဒေါ်လာ တရားဝင်ကိုင်ဆောင်ခွင့် ရပြီးနောက် တန်ဖိုးတူသော်လည်း   ပြည်တွင်း၌သာ သုံးစွဲနိုင်ပြီး နိုင်ငံတကာတွင် အသုံးမပြု နိုင်သည့်အတွက် FEC အား ကာလတန်ဖိုးနှင့် တူညီသည့်   ငွေကြေး(သို့)အမေရိကန်ဒေါ်လာနှင့် လဲလှယ်ပေး၍ နိုင်ငံတော်ဗဟိုဘဏ်မှ အမြန်ဆုံးရုတ်သိမ်းပေးသင့်ကြောင်း ပြောဆိုကြသည်။

''အခုက တစ်ဒေါ်လာကို (၆) ကျပ်ခေတ်လည်းမဟုတ်တော့ဘူး။ အခုလိုနိုင်ငံတကာကလည်းစီးပွားရေးအရ   ရင်းနှီးမြှပ်နှံမှုတွေ စတင်ပြုလုပ် လာတဲ့အချိန်မှာ ဘယ်လိုမှမလိုအပ်တဲ့အပြင် အပိုသက်သက်လိုဖြစ်နေတဲ့ အဲဒီ FEC  ကို သူနဲ့တန်ဖိုးတူတဲ့ ငွေကြေးပေးပြီး အမြန်ဆုံးရုတ်သိမ်း ပေးသင့်တယ်''ဟု Export/Import လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်က FECရုတ်သိမ်းမည့်အပေါ်တွင်သုံးသပ်ပြော

ကြားခဲ့ခြင်းဖြစ်သည်။


ပြီးခဲ့သည့် (၂ဝ၁၂) ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ် စတင်သတ်မှတ်ပေးခဲ့ပြီး ထိုစဉ်က အမေရိကန်တစ်ဒေါ်လာနှင့် FEC တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ (၈၁၈)ကျပ်သာရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သိသာထင်ရှားလာသော   ပြုပြင်ပြောင်းလဲမှုများ၊ မူဝါဒအပြောင်း အလဲများနှင့် နိုင်ငံတွင်းစီးပွားရေးအပြောင်းအလဲများကြောင့် သြဂုတ်လ (၁၇) ရက်နေ့အထိ အမေရိကန် တစ်ဒေါ်လာနှင့် FEC တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ (၈၆၆) ကျပ်အထိ ရှိနေခဲ့သည်။


လက်ရှိတွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ နိုင်ငံခြားငွေ လဲလှယ်နိုင်သည့် ကောင်တာများ၌ လူတစ်ဦးလျှင်   ဒေါ်လာတစ်သောင်းနှုန်းဖြင့် လွတ်လပ်စွာ လဲလှယ်နိုင်ကြောင်း သိရသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၂-၁၉၉၃ ခုနှစ်များတွင် ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပေးခဲ့ပြီး အစိုးရ သတ်မှတ်ဈေးသည် ပြင်ပဈေးကွက်နှင့် ကွာဟချက်ရှိခဲ့ခြင်းကြောင့်ပြန်လည် ပိတ်ပင်ခဲ့ရကြောင်းကိုလည်း သိရှိရသည်။

ရန်နိုင်(မြစ်မခ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )