22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

လာမည့်(၃)နှစ်အတွင်း အင်းလေးဒေသတစ်ခုလုံး လျှပ်စစ်မီးရရှိရန်ကြိုးပမ်းနေ

သြဂုတ်(၂ဝ)ရက်၊ ၂ဝ၁၂ခုနှစ်။

အင်းလေးဒေသတွင် မီးလင်းရေးကော်မတီနှင့် အခြားလူမှုရေးအသင်းအဖွဲ့များအနေဖြင့်လျှပ်စစ်မီး ရရှိရန် ကြိုးပမ်းဆောင်ရွက်  လျှက်ရှိရာ လာမည့်(၃)နှစ်အတွင်း  အင်းလေးဒေသတစ်ခုလုံး လျှပ်စစ်မီး ရရှိနိုင်တော့မည်ဖြစ်ကြောင်း လူမှုရေးအသင်းအဖွဲ့များထံက သိရှိရသည်။

အင်းလေးဒေသတွင် ကျေးရွာပေါင်း(၄ဝဝ)ကျော်ရှိသည့်အနက် ကျေးရွာ(၁၅ဝ)ဝန်းကျင်သာ မီးလင်း ကြောင်းကိုလည်း မီးလင်းရေးကော်မတီက သိရှိရသည်။

“အင်းလေးမှာ မီးလင်းတဲ့နေရာက ရွာ ၁၅ဝ ကျော်လောက်ပဲ ရှိတယ်။ ကျန်တဲ့ တောင်ပေါ်ဒေသ ရယ် ၊ အင်းလယ်ရယ် ကမ်းစပ်ရယ်မှာ မီးမလင်းသေးဘူး မီးရတဲ့ နေရာမှာတောင် အကုန်အပြည့် ရကြတာမဟုတ်ဘူး ရတဲ့နေရာရပြီး မရတဲ့နေရာ လဲရှိတယ်၊ကွက်ကျားရနေကြတာပေါ့ ” ဟု အင်းလေးဒေသ မီးလင်းရေးကော်မတီမှ အတွင်းရေးမှူး ဦးတင်စိုးက ပြော သည်။

အင်းလေးဒေသရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဒေသဖွံ့ဖြိုးမှုတွင် အရေးပါသည့် လျှပ်စစ်မီးရရှိရန် ထရန်စဖော်မာများ ဝယ်ယူရမည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။

  “ အဓိကကတော့ ငွေကြေးပေါ့၊ ဒီမှာက နိုင်ငံတော်က လုပ်ပေးတာမဟုတ်ဘူး ကိုယ့်အား ကိုယ်ကိုး ပြီး ရုန်းကန်နေ ရတာ ဆိုတော့ ကျေးရွာတွေ အကုန်လုံးမီးရရှိဖို့က ငွေလိုတာပေါ့ ငွေကြေးအထောက် အပံ့ရှိရင် ထရန်စဖော်မာ ဝယ်ပြီး   ကျေးရွာတွေ မှာလည်းထားပေးလို့ရတယ် ငွေကြေးကြောင့် အချိန်ကြန့်ကြာနေတာပါ” ဟု အင်းလေးဒေသမီးလင်းရေးကော်မတီမှ အတွင်း ရေးမှူး ဦးတင်စိုးက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်အနီးရှိ ညောင်ရွှေမြို့နှင့် အလိုတော်ပေါက် ဘုရားအနီးတွင် သာ လျှပ်စစ်မီးရရှိနေပြီး အခြားသော အင်းလေးကန်အရှေ့ဘက်ကမ်းစပ်၊ အင်းလယ်နှင့် တောင်ပေါ် ဒေသများတွင် လျှပ်စစ်မီးမရရှိသေးကြောင်း သိရှိရသည်။

ညောင်ရွှေမြို့နှင့် အလိုတော်ပေါက်ဘုရားတောင်ဘက်တွင် မီးလင်းရခြင်းမှာ ထရန်စဖော်မာ ၅ဝ ကေဘီ ၊ ၁ဝဝကေဘီရှိ မီးစက်ဖြင့် အသုံးပြုနေခြင်းကြောင့်ဖြစ်ပြီး အခြားကျန်ရှိနေသော ကျေးရွာ များတွင် လျှပ်စစ်မီးမရရှိခြင်းမှာ ထရန်စဖော်မာ ဝယ်ယူရန် ငွေကြေးအခက်အခဲများ ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု မီးလင်းရေးကော်မတီက  သိရှိရသည်။

 “ရွှေ့ပြောင်းတောင်ယာတွေက များလာတယ်၊ သူတို့တွေ သစ်ပင်ခုတ်တာတွေ အင်းလေးဒေသခံ တွေတချို့ကလဲ ထင်းနဲ့မီးမွှေးပြီး ထမင်းဟင်းချက်ကြတာများတော့ တောပြုန်းတာပေါ့၊ ဒါပေမဲ့ သက်ဆိုင်ရာကနေ အင်းလေးဒေသတစ်ခုလုံးကို မီးပေးမယ်ဆိုရင် သစ်တောပြုန်းတီးတာကို ကာကွယ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်းကာကွယ်နိုင်တယ် ” ဟု လွယ်ငြိမ့်ကျေးရွာ အစုအဖွဲ့ပိုင်တော ဥက္ကဋ္ဌ ဦးစံထွန်းက ပြောသည်။

ညောင်ရွှေမြို့ရှိ အမှတ်(၂) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှလည်း ဋ္ဌာနရှိ သတ်မှတ်ထားသည့် ထရန်စဖော်မာအားဖြင့်သာ မြို့နှင့်ကျေးရွာများသို့ မီးပေးနေခြင်းဖြစ်သည်ဟု အတည်ပြု ပြောကြား ထားသည်။

“ (၂၇)ရွာကိုပေးနေပါတယ်၊ ကျန်တဲ့ရွာတွေဘယ်တော့မီးရနိုင်မလဲဆိုတာတော့ ကျွန်တော်တို့မြို့နယ် အဆင့်နဲ့ ပြောလို့မရနိုင်ပါဘူး အထက်ကဝန်ကြီးကို မေးရပါမယ် ဝန်ကြီးဖုန်းနံပတ်ကလည်းလူတိုင်း ကို ပေးလို့မရပါဘူး” ဟု အမှတ်(၂)လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ဦးစီးမှူး ကိုဆန်းမျိုးအောင် က ပြောသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Shwe Myitmakha Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )