22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

နာကျင်ကိုက်ခဲမှုများကို ကုသရင်း အပိုဆောင်း အာနိသင်ကို ရယူပါ


 

သင့်မှာ ခံစားနေရတဲ့ ရောဂါဝေဒနာကို ကုသရင်း နောက်ထပ် ကောင်းကျိုး ရနိုင်တဲ့ အာနိသင်တွေကို ရယူနိုင်ဖို့ ရေးသားလိုက်ပါတယ်။
(၁) နာတာရှည် နာကျင် ကိုက်ခဲနေပါသလား အပ်စိုက်ကုထုံး ကုသမှု ခံယူပါ
သုတေသနတွေမှာ တွေ့ရှိရတာတွေအရ ပညာရှင်တွေက ရှေးနှစ်ပေါင်းများစွာက အသုံးပြုခဲ့တဲ့ အပ်စိုက်ကုထုံးက နာကျင်မှုတွေကို သက်သာစေတယ်လို့ အတည်ပြုနိုင်ပါတယ်။ ပုံမှန် ခေါင်းကိုက်ဝေဒနာ ခံစားရတာကိုလည်း အပ်စိုက်ကုထုံးနဲ့ ကုသ ပျောက်ကင်းနိုင်ပါတယ်။ တခြား လေ့လာမှုတွေက နာတာရှည် ခါးနာကျင်တာကိုလည်း အပ်စိုက်ကုထုံးနဲ့ ကုသ ပျောက်ကင်းနိုင်တယ်လို့ တွေ့ရှိရပါတယ်။ အပ်စိုက်ကုထုံးက နာကျင်မှုတွေ သက်သာစေရုံသာမကဘဲ အရိုးအဆစ် ရောင်ရမ်း နာကျင်သူတွေမှာ လှုပ်ရှား ဆောင်ရွက်မှုကိုလည်း တိုးတက်စေပါတယ်။ တရုတ်ရိုးရာ ဆေးပညာအရ အပ်စိုက်ကုထုံးမှာ အပ်တွေကို ခန္ဓာကိုယ်ရဲ့ သတ်မှတ်ရာ နေရာတွေကို စိုက်ပြီး ကုသတာက စွမ်းအင်ကို ညီမျှစေတယ်လို့ ယုံကြည်ကြပါတယ်။ အနောက်တိုင်း ဆေးပညာအရ ဆိုရင်တော့ စိုက်လိုက်တဲ့ အပ်တွေက လှုံ့ဆော်တာကြောင့် နာကျင်မှုကို ပြေပျောက်စေတဲ့ ဘိန်းနဲ့တူတဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထွက်ရှိစေတယ်လို့ ဆိုပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာကျင်မှု ခံစားရသူတွေ၊ ခါးနာသူတွေဟာ အပ်စိုက်ကုထုံးနဲ့ ကုသမှုအပြင် လေ့ကျင့်ခန်းပါ တွဲလုပ်ပေးသင့်ပါတယ်။
အပိုရနိုင်သော အာနိသင် -  သင်ဟာ နာကျင်တဲ့ နေရာတစ်ခုအတွက် အပ်စိုက်ကုထုံးနဲ့ ကုသတယ် ဆိုပေမယ့် ခန္ဓာတစ်ခုလုံး အတွက်ပါ ကောင်းကျိုး ရရှိစေပါတယ်။
(၂) အရိုး၊ အဆစ် နာကျင်နေပါသလား ဂလူကိုစမင်းနှင့် ခွန်ခရိုင်ရိုတင် စားပါ
ဂလူကိုစမင်းနှင့် ခွန်ခရိုင်ရိုတင်တွေက သဘာဝကရတဲ့ ဒြပ်ပေါင်းတွေဖြစ်ပြီး အရိုးနုမှာ တွေ့ရပါတယ်။ သုတေသန အမျိုးမျိုးတွေကနေ ရလာတဲ့ တွေ့ရှိချက် အမျိုးမျိုးတွေထဲမှ NCCAM က ပြုလုပ်တဲ့ တွေ့ရှိချက်ကြောင့် ပညာရှင်တွေ အားလုံး ရှင်းလင်းတဲ့ အဖြေကို သိရှိခဲ့ပါတယ်။ အဲဒါက ဂလူကိုစမင်းဟာ ဆာလဖိတ်ပုံစံမှာ အာနိသင် အကောင်းဆုံးဖြစ်ပြီး ခွန်ခရိုင်ရိုတင်နဲ့ ပေါင်းကာ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဖြည့်စွက် သောက်သုံးမယ် ဆိုရင်တော့ သောက်သုံးတဲ့ ပမာဏက အလွန် ရေးကြီးပါတယ်။ ပညာရှင်တွေက ဂလူကိုစမင်း ၁၅၀၀ မီလီဂရမ်နဲ့ ခွန်ခရိုင်ရိုတင် ၁၂၀၀ မီလီဂရမ်ကို နေ့စဉ် သောက်သုံးပါက အရိုးအဆစ်တွေ အတွက် ကောင်းမွန်စေပြီး ရောင်ရမ်း နာကျင်မှုတွေကို သက်သာ ပျောက်ကင်းစေပါတယ်လို့ ပြောပါတယ်။
အပိုရနိုင်သော အာနိသင် - ဂလူကိုစမင်း ဆာလဖိတ်က အရိုးအဆစ် ရောင်ရမ်း နာကျင်မှုကို ရပ်တန့်စေပါတယ်။
(၃) သွေးလေးဖက်နာ ရောဂါ ခံစားနေရပါသလား လက်ဖက်စိမ်းရည် သောက်ပါ
သုတေသန တွေ့ရှိချက် အသစ်တစ်ခုအရ လက်ဖက်စိမ်းမှာ သွေးလေးဖက်နာ ရောဂါကို ဆန့်ကျင် တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေး စနစ်ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ကြွက်တွေကို သွေးလေးဖက်နာ ဖြစ်ပေါ်အောင် ဆေးထိုးပြုလုပ်ပြီး ရောဂါရလာတဲ့ ကြွက်တွေကို လက်ဖက်စိမ်းရည် သုံးပတ်ကျော် တိုက်ကျွေးတဲ့အခါ ရောဂါဖြစ်ပွားမှုတွေ လျော့နည်းသွားကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေက လက်ဖက်စိမ်းရည်မှာ ပါတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ပိုလီဖီနောက ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်လို့ ပြောပါတယ်။ သတိထားသင့်တာ တစ်ခုကတော့ လက်ဖက်စိမ်းရည်မှာ ဗီတာမင်ကေ အနည်းငယ် ပါဝင်ပြီး ခန္ဓာကိုယ်တွင်း သွေးခဲစေတဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ဝါဖာရင်၊ ဟက်ပါရင် စတဲ့ သွေးကျဲဆေး သောက်သုံးနေရသူတွေ အနေနဲ့ လက်ဖက်စိမ်းရည် သောက်မယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီး ညွှန်ကြားချက် ရယူပြီးမှသာ သောက်သုံးရပါမယ်။
အပိုရနိုင်သော အာနိသင် - လက်ဖက်စိမ်းရည် သောက်သုံးတာက သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပါတယ်။
(၄) ရောင်ရမ်းနေပါသလား နာနတ်ပင်မှရသော ဘရိုမီလင်ကို သုံးပါ
တောင်အမေရိကမှာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက အနာကို ကုသဖို့၊ ပတ်တီးစည်းဖို့ အသုံးပြုခဲ့ကြပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဆေးဝါးအဖြစ် အသုံးပြုဖို့ အတည်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။ နာနတ်ပင်ရဲ့ ပင်စည်နဲ့ ညစ်ထားတဲ့ အရည်တွေက ပေါက်ပြဲ ဒဏ်ရာတွေအတွက် အနာ အမြန်ကျက်စေပါတယ်။ ပေါက်ပြဲ ဒဏ်ရာတွေမှာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ပရိုစတာဂလန်တင် ထုတ်လုပ်မှုကို ရပ်တန့်စေပါတယ်။ ဂျာမနီနိုင်ငံမှာ ဘရိုမီလင်ကို ခွဲစိတ်ကုသမှု မပြုလုပ်ခင်နဲ့ ပြုလုပ်ပြီး ချိန်တွေမှာ ခွဲစိတ်ဒဏ်ရာ အကျက်မြန်စေပြီး ရောင်ရမ်းမှု မရှိအောင် ပေးလေ့ရှိတယ်လို့ အရီဇိုးနား တက္ကသိုလ်မှ တိုင်ရာအိုနာလိုးဒေါ့က ပြောပါတယ်။ သတိထားသင့်တာကတော့ ဘရိုမီလင်က သွေးကျဲစေတာကြောင့် ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးရပါမယ်။
အပိုရနိုင်သော အာနိသင် - ဘရိုမင်လင်က အစာခြေဖျတ်ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်တာကြောင့် အစာစားပြီး အစာမကြေ ဖြစ်နေသူများ နာနတ်သီး စားပေးပါက အစာချေဖျက်မှုကို ပိုမို ကောင်းမွန်စေပါတယ်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )