22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 21, 2012

ရသေ့တောင် ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ

သဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Seizing-evidences-on-the-boat
ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

“ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ  ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု သူက ပြောသည်။

သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။

ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။

“ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

သိမ်းဆည်ရမိသော သက်သေခံ ပစ္စည်းများကို တွေ့ရစဉ်။

အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင် တည်ရှိသော ကုလားချောင်း ကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေခ်ျ့ အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက် လာစဉ် ဒေသခံ ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက် သွားခဲ့သည်။

ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခု ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့် မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက  ပြောဆိုသည်ဟု သူက ဆိုသည်။

သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြုံရေးကို တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက ပြောဆိုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )