22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 23, 2012

"HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်းကျောင်းသူနှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ"

အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်(HIV Positive) ၁ဝ
တန်းကျောင်းသူနှစ်ဦးအား ဝိုင်းကျူရှင်ဆရာမက
ကျူရှင်လာရောက်မတက် ရန် ပြောကြား
ခဲ့ကြောင်းNational NGOsNetwork မှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။



 ''HIV Positive ဖြစ်နေ တဲ့ ကျောင်းသူနှစ်ဦးကို သူတို့ ဝိုင်းကျူ ရှင်ဆရာမက လာမတက်ဖို့ ပြော ခဲ့တယ်။

သူတို့က မိဘမဲ့တွေလည်း ဖြစ်တယ်။ အမှန်တော့ ဒါဟာ ပညာပေးအစီအစဉ်တွေ၊ ကာကွယ် ရေးအစီ အစဉ်တွေ ပေးနေတယ် ဆိုပေမယ့်လည်းအားနည်းနေသေး တယ်လို့ပဲ ပြောရမယ်'' ဟု National NGOs Network မှ ကိုစိုးမိုး အောင်က ပြောသည်။

လားရှိုးမြို့၌ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူညီစောင့် ရှောက်ရေးလုပ် ငန်းများ လုပ်ဆောင် နေသောNational NGOs Network အဖွဲ့၏ပြောပြချက်အရအခြား ကျောင်းသူများအား ကူးမည်ကို စိုးရိမ်၍ဟု ကျူရှင်ဆရာမက အ ကြောင်းပြကာထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် များကို ခွဲခြားဆက်ဆံခြင်းများရှိနေ၍ ၄င်းတို့အတွက်ကာကွယ်ပေးနိုင်မည့် မူတစ်ခု လိုအပ်နေကြောင်း HIV/AIDS ဝေဒနာသည်များအား ကူညီ ပေးနေသည့် အဖွဲ့အစည်းများ က ပြောသည်။

''လူတွေက အိတ်ခ်ျအိုင်ဗီရော ဂါဖြစ်နေတယ်ဆိုတဲ့သူတွေကို သူတို့ က နှိမ်ချင်ကြတယ်။ ဒါဟာလည်း တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးကို ပညာပေးတွေလုပ်နေပေမယ့်လည်း မထိရောက်သေးဘူးလို့ပြော လို့ရ တယ်''ဟု Phoenix Associationမှကိုသီဟကြိုင်က ပြောသည်။

ယင်းသို့ ခွဲခြားနှိမ်ချဆက်ဆံ ခြင်းသည် ပြဿနာ တစ်ရပ်ဖြစ် သည်ကို လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ် ကြောင်း ၄င်းက ဆက်ပြောသည်။ယခုနှစ် နိုင်ငံတကာ AIDS ညီလာခံတွင်လည်းNLD ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ''မြန်မာနိုင်ငံမှာရှိတဲ့ ရွာအဆင့် ဖြစ်ပါစေ။ မြို့နယ်အဆင့် ဖြစ်ပါစေ။

ကျယ်ပြန့်တဲ့အဆင့်ဖြစ်ပါစေ၊ ကျွန်မ တို့ လူမှုအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု ဟာ ဘယ်လောက်အရေး ကြီးအရေး ပါလဲဆိုတာ သတိပြုမိလာကြဖို့ လို အပ်ပါတယ်'' ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံအတွင်းတွင်HIV/AIDSရောဂါနှင့် ပတ်သက်၍ လူထု အနေဖြင့် တကယ်တမ်းသိနားလည် မှု လိုအပ်နေသေးကြောင်း အဆိုပါ ညီလာခံ တွင်ပင် ဒေါ်အောင်ဆန်းစု ကြည်က ဆက်ပြောသည်။

''တခြားနေ ရာတွေမှာတင် မဟုတ်ဘူး။ ကျန်းမာရေးဝန်ဆောင်မှု ပေးနေ တဲ့ ဆေးရုံ၊ ဆေးခန်းတွေ မှာတောင် ဒီလူတွေကို ပြုစု၊ ကုသရတာ အလုပ်ရှုပ်တယ်ဆိုပြီး မြင်ကြတယ်။ ကြောက်စရာလို့ မြင်ကြတာတွေ ရှိတယ်။

ဒီတော့ ဒီလို လူမျိုးတွေအတွက် ရှင်းလင်းထိ ရောက်တဲ့မူတစ်ခုသာ ရှိလာရင်၊ ဆေးရုံ၊ ဆေးခန်းတွေတော့ အဓိ ကပေါ့၊ ခွဲခြားဆက်ဆံခဲ့ရင် တိုင် နိုင်တယ်ဆိုတာမျိုးလေးတော့ ဖြစ် စေချင်တယ်။ ဒါမှ ခွဲခြားတာလျော့ သွားနိုင်တယ်'' ဟု Phoenix Association မှ ကိုသီဟကြိုင်က ပြော သည်။

PopularNews
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )