22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

မတင်နီလာအေး အမှု တရားမျှတရေး အရှင်ဝီရသူ တောင်းဆို

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးက
အိမ်အကူအလုပ်သမ မတင်နီလာအေး၏
တရားစွဲဆိုထားမှုတွင် တရားလို ဘက်မှ ရှေ့နေ
ခေါ်ခွင့်မပေးဘဲ တဖက်သတ် ကြားနာခြင်းအား


တရားမျှတစွာ ပြန်လည်စစ်ဆေးပေးရန် အရှင်ဝီရသူက မန္တလေး တိုင်း တရားလွှတ်တော်ချုပ် ရုံးသို့ စာပို့တောင်းဆိုလိုက်သည်။

အသက် ၁၄ နှစ်အရွယ်ရှိ မတင်နီလာအေးက ၎င်းအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အိမ်ရှင် ဒေါ်ခင်နီလာဝင်းကို ဇူလိုင်လထဲတွင် တရား စွဲဆိုထားပြီး ထိုအမှုနှင့် ပတ်သက်၍ မြို့နယ်တရားရုံးက ကြိုတင် အကြောင်းကြားခြင်း၊

တရားလို ရှေ့နေ ခေါ်ယူခွင့်ပေးခြင်းမရှိဘဲ ယခုလ ၁၃ ရက်နေ့က ရုတ်တရက် ခေါ်ယူ ကြားနာခဲ့ခြင်းကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုစာ ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။

“အမှုက ကြာနေပြီ၊ ဦးပဉ္စင်းတို့လည်း စောင့်နေတဲ့အချိန်မှာ ရုံးချိန်းကို ကပ်ခေါ်တယ်။ ရှေ့နေခေါ်ဖို့ အချိန်မရဘူး။

 ရှေ့နေ ငှား မလား ဆိုတာလည်း မမေးဘဲ ကလေးမလေးကို တဖက်သတ် စစ်သွားတယ်။ တရားသူကြီးနဲ့ တရားခံရှေ့နေတို့ရဲ့ အပြုအမူ တွေဟာ မရိုးသားဘူး၊ တရားမျှတမှု မရှိဘူးထင်လို့ ပြန်စစ်ခွင့်တောင်းတာပဲ”ဟု အရှင်ဝီရသူ က မိန့်ကြားသည်။

မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် အရှင်ဝီရသူသည် အိမ်အကူအလုပ်သမ မတင်နီလာအေး၏ အမှုနှင့် ပတ်သက်၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များနှင့်အတူ ကူညီဆောင်ရွက် ပေးနေသူဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးတွင် တရားလိုဘက်မှ ကာယကံရှင် မတင်နီလာအေး တဦးမှ လွဲ၍ မိ ခင် အပါအဝင် အခြားသူများ ဝင်ရောက် ကြားနာခွင့် မရရှိခဲ့ကြောင်း၊ သို့သော် ဒေါ်ခင်နီလာဝင်း အပါအဝင် ၎င်းငှားရမ်းထားသော ရှေ့နေများ၊ ကြားနာလိုသူများ တက်ရောက်ခွင့်ရရှိခဲ့ကြောင်း အရှင်ဝီရသူက မိန့်ဆိုသည်။

တရားခွင်တွင် ဒေါ်ခင်နီလာဝင်း ဘက်မှ တဖက်သတ် ကြားနာ သွားသကဲ့သို့ ၎င်းဘက်မှ ရှေ့နေသည် တရားလိုဖြစ်သူ မတင်နီလာအေး အား အမှုနှင့်သက်ဆိုင်သည့် မေးခွန်းကို မေးခြင်းမပြုဘဲ အကျပ်တွေ့စေသော မေးခွန်းများကို မေးမြန်း ခဲ့သည်ဟု ဆိုသည်။

“စာဖတ်တတ်လို့လား၊ ကကြီး၊ ခကွေးဆိုပြစမ်း၊ A-B-C-D ဆိုပြစမ်း ဆိုတာတွေရော၊ လျော်ကြေးငွေ (ကျပ်)သိန်းတစ်ရာတောင်း တယ်မလား၊ ဘယ်သူ့အားကိုးနဲ့ အဲဒီလို လုပ်တာလဲ” စသည့် မေးခွန်းများကို မေးမြန်းကြောင်း အရှင်ဝီရသူက ပြောသည်။

သြဂုတ် ၂၂ ရက် ရုံးချိန်းတွင် တရားလိုဘက်မှ အထက်တန်း ရှေ့နေ ဦးဇော်ဟိန်းအောင် အပါအဝင် တရားလိုပြ ရှေ့နေများ၊ သက်သေများ လိုက်ပါဆောင် ရွက်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မတင်နီလာအေးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ ဦးဇော်ဟိန်းအောင်က“သူတို့က ရဲအရေးပိုင်ဖြစ်နေတော့ ကလေး မလေးကို ရှေ့နေမခေါ်ဘဲ စစ်လိုက်တာကို ကျနော်တို့အနေနဲ့ ဘာမှမတတ်နိုင်ဘူး ဖြစ်သွားတယ်။

ကလေးကို အကျပ်ကိုင် မေးခွန်း တွေ၊ ကလေး နားမလည်တဲ့ မေးခွန်းတွေ မေးထားတာဆိုတော့ နောက်ပိုင်း လျှောက်လဲချက်ပေးရင် အားနည်းချက်ရှိသွားတာပေါ့” ဟု ပြောသည်။


၎င်းကို နှိပ်စက်မှုများနှင့် ဒဏ်ရာများကို ဖော်ပြ ပြောဆိုရာတွင် ဒေါ်ခင်နီလာဝင်း၏ ရှေ့နေ ဦးညွှန့်လှိုင်က ယင်းကိစ္စများ မလိုအပ်ကြောင်း ဟန့်တားပြောဆိုခဲ့ပြီး အမှုနှင့်မသက်ဆိုင်သော မေးခွန်းများကိုသာ ၄ နာရီကြာ မေးမြန်းခဲ့သည်ဟု မတင်နီလာအေး က ပြော သည်။

“သူက သမီးကို ပြန်မေးစေချင်တယ်၊ သမီးက ပြန်မမေးတတ်ဘူး၊ ပြီးတော့ မဆိုင်တာတွေ လျှောက်မေးတယ်။ အကြာကြီး မေးနေ တော့ သမီးက စိတ်တိုလာတယ်။ ၀မ်းလည်းနည်းတယ်”ဟု မတင်နီလာအေး က ပြောသည်။

တရားရုံးသို့ ဒေါ်ခင်နီလာဝင်း ရောက်ရှိလာခဲ့ပြီး ၎င်းအားဓာတ်ပုံရိုက်သူများကို တရားစွဲမည်ဖြစ်ကြောင်း၊ မျက်နှာကိုလည်း ယပ်တောင်ဖြင့် ကာထားပြီး မျက်မှန်တပ်၍ ဦးထုပ် အချိန်ပြည့် ဆောင်းထားကြောင်း မျက်မြင်များက ပြောသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၇) ရဲစခန်းမှ စစ်ဆေးဆောင်ရွက်ပြီး တရားရုံးအဆင့်ဆင့်သို့ အမှုတင်နေစဉ် ဒေါ်ခင်နီလာဝင်း ဘက်မှ နစ်နာကြေးပေး၍ အမှုကြေအေးရန် လာရောက်ညှိနှိုင်းခဲ့ကြောင်း၊ ထို့အပြင် မတင်နီလာအေး၏ ဒဏ်ရာ ဆေးစစ်ချက် ဓာတ်မှန်များကို တဖက်လှည့်ဖြင့် တောင်းယူသွားကြောင်း အရှင် ဝီရသူက မိန့်သည်။

ဇူလိုင်လ ၅ ရက်နေ့ နံနက်က မတင်နီလာအေးကို အိမ်ရှင် ဒေါ်ခင်နီလာဝင်းက ဒေါက်ဖိနပ်ဖြင့် ရိုက်ခြင်း၊ ကုလားထိုင်ဖြင့် ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ မီးပူဖြင့် ကပ်ခြင်း တို့ကြောင့် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက် လက် အရိုးကျိုးဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲ ဒဏ် ရာ နှင့် ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မတင်နီလာအေး တံမြက်စီးလှည်းရာတွင် ပြောင်စင်အောင်မလှည်းနိုင်ဟုဆိုကာ ဒေါ်ခင်နီလာဝင်းက ဒေါက်ဖိနပ်ဖြင့် ဦးခေါင်းကို ရိုက် ခဲ့သဖြင့် ၇ ချက် ချုပ်ခဲ့ရကြောင်း တရပ်ကွက်တည်းနေ ဈေးသည်တဦးက Burma VJ ရုပ်သံ၏ တွေ့ဆုံ မေးမြန်းမှုတွင် ဖြေဆို ထားသည်။

ထို့အတူ မတင်နီလာအေးကလည်း“မီးပူတိုက်တာ မပြန့်လို့ဆိုပြီး ပြန့်အောင် ဒီလိုတိုက်ရတယ်ဆိုပြီး သမီးခြေထောက်ကို ဆန့်ခိုင်းပြီး မီးကြွေအိုးနဲ့ တိုက်လိုက်တယ်၊ သူ့အမျိုးသား ဝတ်တဲ့ အင်္ကျီ အဖြူ၊ သူက ကားအောက်ထဲဝင်နှိုက်တော့ အမည်းတွေ ပေလာ တယ်၊

အဲဒါ လျှော်တာ မပြောင်လို့ သံဘရပ်ကြီး ယူပြီးတော့ ဒီလိုတိုက်ရတယ်ဆိုပြီး သမီးလက်မောင်းကို တိုက်ပစ်လိုက်တယ်”ဟု ပြောပြသည်။

ယင်းသို့ ပြုလုပ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ မတင်နီလာအေးက ပြောဆိုခဲ့ပြီး ညှဉ်းပန်းနှိပ်စက်သူ အိမ်ရှင် ဒေါ်ခင်နီ လာ ၀င်း(ခ) ဒေါ်နီနီကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄/၃၂၅ ဖြင့် အမှတ် (၇) ရဲစခန်း က အမှုဖွင့် အရေးယူခဲ့သည်။

မတင်နီလာအေး ၏ ညီမငယ်တဦးမှာလည်း ဒေါ်ခင်နီလာဝင်း၏ သူငယ်ချင်းတဦးနေအိမ်တွင် တလလျှင် ကျပ် တသောင်းခွဲ ဖြင့် အိမ်အကူ လုပ်နေရပြီး နှိပ်စက်ညှဉ်းပန်းခံနေရသည်ဟု သိရသည်။

မတင်နီလာအေး၏ မိဘများက ညီမငယ် အလုပ်လုပ်ရာ အိမ်ရှင် ထံမှ ၂ လစာ ကျပ် သုံးသောင်းကို ကြိုတင် ထုတ်ယူထားမိသဖြင့် ပြန်ခေါ်ရန် ခက်ခဲနေဟု ဆိုသည်။

၂၀၁၂ ခုနှစ် မတ်လအတွင်းကလည်း ပဲခူးမြို့တွင် အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ် မအေးယုအောင်ကို အိမ်ရှင် ပဲခူးမြို့ ဒုတိယ တရားသူကြီး၏ ဇနီးက မီးပူ၊ ပုလင်းနှင့် ဓားတို့ဖြင့် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ပြီး သက် ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆို ထားသည်။ သို့သော်လည်း တရားခံမှာ ထွက်ပြေးနေဆဲဖြစ်သည်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်(CRC) ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံသည် CRC တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်က လက်မှတ် ရေးထိုး ခဲ့သည်။

 မြန်မာနိုင်ငံ၏ ကလေးသူငယ် ဆိုင်ရာ ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ သို့သော်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိသေးပေ။

(ဧရာဝတီ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )