22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

မြန်မာနိုင်ငံကို အကူအညီ ပြန်လည်ပေးရေး ကမ္ဘာ့ဘဏ် နည်းဗျူဟာ မူကြမ်းထုတ်ပြန်

ရှေ့လာမယ့် တစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံကို
အကူအညီ ပြန်လည်ပေးရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်အဖွဲ့
ကြီးက နည်းဗျူဟာ အစီအစဉ် မူကြမ်းကို မနေ့က
ထုတ်ပြန်လိုက်ပါတယ်။

ကြားကာလ နည်းဗျူဟာ အချောတစ်စောင်ကို လာမယ့် အောက်တိုဘာလ အကုန်မှာ ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
 ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက အာရှဘဏ်အဖွဲ့နဲ့အတူ အခုလဆန်းပိုင်းက ရန်ကုန်မြို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ချေးငွေ အမေရိကန် ဒေါ်လာ ၈၅ သန်း ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ကမ္ဘာ့ဘဏ်အဖွဲ့ကြီး အနေနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ အသေအချာ အစေ့အငတိုင်ပင်ဆွေးနွေးမှုတွေ မရှိဘူး၊


အလျင်စလို လုပ်ကိုင်နေပြီး ပွင့်လင်းမြင်သာမှု မရှိဘူး စတဲ့ တိုင်တန်းမှုတွေကြောင့် ပြည်တွင်းပြည်ပ NGO တွေရဲ့ တိုက်တွန်းမှုအရ ဒီ နည်းဗျူဟာ စာတမ်းကို ရေးဆွဲခဲ့ရတာပါ။


မြန်မာဘာသာနဲ့လည်း မကြာခင် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )