22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 22, 2012

လီဗာပူးလ်နှင့် သက်တမ်းတိုး စာချုပ်တစ်ရပ် စကာတယ်လ် ချုပ်ဆို

လီဗာပူးလ် အသင်း ခံစစ်မှူး မာတင်စကာတယ်လ်သည် ယခုအခါ အသင်းနှင့် နှစ်ရှည် သက်တမ်းတိုး စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး လိုက်ပြီဟု သိရှိရသည်။

အသက်(၂၇)နှစ်ရှိ ဆလိုဗက်ကီးယား လက်ရွေးစင်အား ဥရောပ ကလပ်အသင်း အချို့က စိတ်ဝင်စားနေသော်လည်း ၎င်းက အန်းဖီးလ်တွင်သာ အနာဂတ်ကို ဆက်လက် မြှုပ်နှံရန် ရွေးချယ်ခဲ့သည်။ စကာတယ်လ်သည် (၂၀၀၈)ခုနှစ်က ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ထံမှ ပေါင်စတာလင် (၆)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်တွင် မာကျောသန်မာသော ခံစစ်မှူးကောင်း တစ်ဦး အနေဖြင့် ရပ်တည် လာနိုင်ခဲ့သည်။ မန်ချက်စတာ စီးတီးနှင့် ဖီအိုရင်တီးနား အသင်းများက စကာတယ်လ်အတွက် ချိတ်ဆက် စုံစမ်းမှုများ ပြုလုပ် ခဲ့သေးသော်လည်း ၎င်းက လီဗာပူးလ်တွင်သာ သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။


စကာတယ်လ်က "ကျွန်တော် စာချုပ်သစ်အတွက် ပျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် အသင်း တစ်ခုနဲ့ အတူ ပါဝင်ခွင့် ရနေတာကြောင့်ပါ"ဟု ပြောကြားခဲ့သည်။ "ပြီးခဲ့တဲ့ ရာသီ အပြီးမှာ ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး မျိုးစုံ သတင်းတွေ ထွက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် ဦးစားပေး ဆန္ဒဟာ လီဗာပူးလ်နဲ့ လက်မှတ်သစ် ရေးထိုးဖို့ပါပဲ။ ကျွန်တော် ဒီမှာ (၄)နှစ်ခွဲလောက် နေခဲ့ပြီးပြီ ဖြစ်သလို အဲဒီအတွက် ပျော်ရွှင်ပါတယ်။ ခုချိန်မှာ လီဗာပူးလ်ဟာ မန်နေဂျာသစ်နဲ့ အတူ သမိုင်းသစ်ကို ဖန်တီးဖို့ ပြင်ဆင်နေပါပြီ။ အဲဒီသမိုင်းကို ကျွန်တော်လည်း ဝင်ရေးချင်ပါတယ်"ဟုလည်း စကာတယ်လ်က ဖွင့်ဟ သွားခဲ့သည်။
ကျွန်တော် စာချုပ်သစ်အတွက် ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် အသင်းတစ်ခုနဲ့ အတူ ပါဝင်ခွင့် ရနေတာကြောင့်ပါ..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )