တော့တင်ဟမ် ဟော့စပါး အသင်းသည် ရှက်တာဒိုးနက်ခ် ကွင်းလယ်လူ ဝီလျံကို ခေါ်ယူနိုင်ရန် အလွန် နီးစပ်နေပြီး တိုက်စစ်မှူး လီယန်ဒရို ဒိုင်မီယိုကိုလည်း ကြိုးပမ်း နေဆဲဟု သိရှိရသည်။
စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဈေးကွက်ကာလ မပိတ်သိမ်းမီ အသင်း၏ တိုက်စစ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် ကြိုးစား လာခဲ့ပြီး ဘရာဇီးလ် တိုက်စစ်အတွဲကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောကို အတည်ပြု ဝယ်ယူနိုင်ခြင်း မရှိစဉ်က စပါးတွင် ဒေါင်ဒေါင်မြည် တိုက်စစ်မှူး ဟူ၍ ဂျာမိန်းဒီဖိုး တစ်ဦးသာ ရှိနေသည်။ ထို့အပြင် လူကာမိုဒရစ်မှာလည်း ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် နီးစပ် နေခြင်းကြောင့် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးကိုပါ လန်ဒန်ကလပ်က ရှာဖွေလာခဲ့သည်။
သို့သော်လည်း ဘိုအာ့စ်သည် ပြီးခဲ့သည့်ရာသီက အသင်းတွင် အငှားလာကစားပြီး ခြေစွမ်းပြခဲ့သည့် အဒီဘာယောအား ပေါင်စတာလင် (၅)သန်းဖြင့် အပြတ် ဝယ်ယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ် လက်ရွေးစင် ဝီလျံကိုလည်း ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လာခြင်း ဖြစ်သည်။ ဝီလျံသည် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျ အနှစ်သက်ဆုံး ကစားသမား တစ်ဦးဖြစ်ပြီး ဝယ်ယူရန် ကာလရှည်ကြာ ချိတ်ဆက်နေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ စပါးသည် ဝီလျံအတွက် ရှက်တာနှင့် မူအားဖြင့် သဘောတူညီမှု ရထားပြီဟု ယုံကြည်ရပြီး ဝီလျံ၏ လက်ရွေးစင်အသင်း ကစားဖော် တိုက်စစ်မှူး ဒိုင်မီယိုကိုလည်း အင်တာနေစီယွန်နယ်လ်ထံမှ ဝယ်ယူရန် ကြိုးစားနေသည်။
အဒီဘာယောအား ပေါင်စတာလင် (၅)သန်းဖြင့် အပြတ်ဝယ်ယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ် လက်ရွေးစင် ဝီလျံကိုလည်း ပေါင်စတာလင် သန်း(၂၀)ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လာ...
အသက်(၂၃)နှစ်ရှိ ဒိုင်မီယိုသည် အိုလံပစ်တွင် ငွေတံဆိပ်ဆုသာ ရရှိခဲ့သော်လည်း တစ်ဦးတည်း (၆)ဂိုးသွင်းကာ ဂိုးသွင်းဘုရင် အဖြစ်မူ ရပ်တည်နိုင်ခဲ့သည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com