ကာလ အတန်ကြာ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အာဆင်နယ် အသင်းသည် ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ နျူရီဆာဟင်ကို တစ်ရာသီ အငှား ခေါ်ယူနိုင်ခဲ့ပြီဟု သိရှိရသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အငှားစာချုပ်တွင် ရာသီကုန်ချိန်၌ ဆာဟင်အား ပေါင်စတာလင် (၁၄)သန်းဖြင့် ဝယ်ယူခွင့်ပြုရန် အဆိုကို ထည့်သွင်းချုပ်ဆိုရန် တောင်းဆိုမှုကို ရီးယဲလ်က ငြင်းပယ်ခဲ့သဖြင့် မရေမရာ ဖြစ်ခဲ့သေးသည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုက လက်ရှိတွင် ဆာဟင်အား အသင်း၌ နေရာမပေးနိုင်သေးသော်လည်း အရည်အချင်းရှိ လူငယ် ကစားသမားအား အပြီးသတ် ရောင်းချရန် စိတ်ကူး မရှိသော်လည်း ယခုအခါ အာဆင်နယ်က ညှိနှိုင်းမှုများ ပြီးမြောက် အဆင်ပြေခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်သို့ အငှားရောက်လာသည့် ဆာဟင်
ဘယ်ခြေသန်သော ကွင်းလယ် ဖန်တီးရှင်သည် အာဆင်နယ်က ဘာစီလိုနာထံ ရောင်းထုတ်လိုက်သည့် အဲလက်စ်ဆောင်း နေရာကို ဖြည့်ကစားပေးဖွယ် ရှိနေသည်။ ဆာဟင်သည် ဘိုရပ်ရှားဒေါ့တ်မန် အသင်းနှင့်အတူ တောက်ပလာပြီးနောက် ရီးယဲလ်သို့ ပြောင်းခွင့်ရလာသော်လည်း ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီး ပွဲထွက် နေရာကို ဆုံးရှုံးနေခဲ့သည်။ လီဗာပူးလ် အသင်းသည် အာဆင်နယ်နှင့်အပြိုင် ဆာဟင်ကို ချိတ်ဆက်ခဲ့သေးသော်လည်း နောက်ဆုံးတွင် လန်ဒန် ကလပ်ကသာ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်သည် တောင်ပံလူ အင်ဒရီ အက်ရှ်ဗင်ကို ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ထံ အပြီးသတ် ရောင်းထုတ်နိုင်ရန်လည်း မျှော်လင့်နေသည်။ ရုရှားလက်ရွေးစင် အက်ရှ်ဗင်သည် အာဆင်နယ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၀၀၀၀)ထိ ရရှိနေကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
11:43 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com